ဖိလစ်ပိုင် တိရိစ္ဆာန်ရုံတစ်ခု၌ ခရစ္စမတ်ပွဲတော်အထိမ်းအမှတ်အဖြစ် ကျား၊လူဝံတို့ကို ဆန်တာကလော့စ်အသွင် ၀တ်ဆင်စေကာ ကလေးများကို ဖြေဖျော်ပေး

ဖိလစ်ပိုင် တိရိစ္ဆာန်ရုံတစ်ခု၌ ခရစ္စမတ်ပွဲတော်အထိမ်းအမှတ်အဖြစ် ကျား၊လူဝံတို့ကို ဆန်တာကလော့စ်အသွင် ၀တ်ဆင်စေကာ ကလေးများကို ဖြေဖျော်ပေး

ဒီဇင်ဘာ ၂၂ ။              ။ ဒီဇင်ဘာ ၂၅ ရက်တွင်ကျရောက်မည့် ခရစ္စမတ်ေန့ အထိမ်းအမှတ်အဖြစ် ဖိလစ်ပိုင်မြောက်ပိုင်းရှိ မာလာဘွန်တိရိစ္ဆာန်ရုံ၌ ၁၄ နှစ်သား လူဝံတစ်ကောင်နှင့် ကျားပေါက်တစ်ကောင်တို့အား  ဆန်တာကလော့စ်အဝတ်အစားများ ၀တ်ဆင်စေကာ လာရောက်ကြည့်ရှုသူကလေးငယ်များကို ဖျော်ဖြေစေခဲ့သည်ဟု သိရသည်။

တိရိစ္ဆာန်ရုံပိုင်ရှင် မန်နီတန်ကိုက လာကြည့်ကြသော ကလေးငယ်ဒါဇင်ပေါင်းများစွာကို ပက်ကွီအိုအမည်ရ လူဝံကြီး၏ အကူအညီဖြင့် အရုပ်များ ဝေငှပေးခဲ့သည်။

အလားတူ ကလေးများအနီးတွင် ခုနစ်လသားအရွယ် ကျားပေါက်ကလေးကလည်း နို့သောက်ရင်းဖြင့် တစ်ရင်းတစ်နှီး အတူရှိနေပေးခဲ့ကြောင်းလည်း သိရသည်။

" ခုလို ကလေးတွေဒီမှာ ရောက်နေတဲ့အချိန် ဒီကတိရိစ္ဆာန်တွေအားလုံးနဲ့အတူရှိနေကြပါတယ်၊ ဒီကောင်လေးတွေက အကောင်ပေါက်အရွယ်တုန်းကဆိုရင် ကျွန်တော့် အိပ်ခန်းထဲမှာပဲ ကြီးပြင်းခဲ့တာပါ၊ ဒါကြောင့် သူတို့တွေ ဒီထက်ကြီးလာရင် လူသားတွေနဲ့ ပိုမိုရင်းနှီးချစ်ခင်စိတ်တွေ ရှိလာပါလိမ့်မယ်" ဟု တန်ကိုက ပြောသည်။

မနီလာမြို့ မြောက်ဘက် ရ ဒသမ ၆ ကီလိုမီတာကွာဝေးသောအရပ်တွင် တည်ရှိသည့် ယင်းတိရိစ္ဆာန်ရုံသို့ ယခုကဲ့သို့ ကလေးများကို ဖိတ်ခေါ်ဖျော်ဖြေပေးရခြင်း၏ ရည်ရွယ်ချက်က   တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်မှုပိုင်း၏ အရေးပါမှုအကြောင်းကို သိရှိစေနိုင်ရန်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ ပုဂ္ဂလိကပိုင် တိရိစ္ဆာန်ရုံမှာ တိရိစ္ဆာန်များအပေါ် အထူးဂရုစိုက်စောင့်ရှောက်ထားသည်ဟု နာမည်ကျော်ကြောင်း ပြည်တွင်းခရီးသွားဘလော့ My Malabon တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required