မက္ကဆီကို မီးရှုးမီးပန်းစျေးတွင် ပေါက်ကွဲမှုတစ်ရပ်ဖြစ်၍ လူ ၂၆ ဦး သေဆုံး

မက္ကဆီကို မီးရှုးမီးပန်းစျေးတွင် ပေါက်ကွဲမှုတစ်ရပ်ဖြစ်၍ လူ ၂၆ ဦး သေဆုံး

မက္ကဆီကိုစီးတီး၊ ဒီဇင်ဘာ ၂၁ ။                    ။ မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမြို့အပြင်ဖက်ရှိ မီးရှုးမီးပန်းစျေးတွင် ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွား၍ အနည်းဆုံး လူ ၂၆ ဦး သေဆုံးကြောင်း တာဝန်ရှိသူများက ပြောသည်။

မြို့ပြင်ဖက် မိုင် ၂၀ ခန့်အကွာ ဆန်ပါဘလီတို မီးရှုးမီးပန်းစျေး၌ ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ပြီး ဒဏ်ရာရသူလည်း ဒါဇင်များစွာ ရှိသည်။

မီးလောင်မှုကြောင့် မီးရှုးမီးပန်းများ လေထဲပေါက်ကွဲသည်ကို ဗီဒီယိုမြင်ကွင်း၌ မြင်တွေ့ရသည်။

ဖြစ်ပွားရာသို့ ဆေးဖက်အကူများ၊ ရဲများ ဒါဇင်များစွာ ရောက်ရှိသည်။ ပေါက်ကွဲသည့် အကြောင်းရင်း မသိရသေးပေ။

ဒေသခံများအား ဖြစ်ပွားရာနေရာသို့ မသွားရောက်ကြရန် ပြောထားပြီး လမ်းများကိုလည်း ရှင်းလင်းထားသည်။

ဒဏ်ရာရသူများကို ကုသမှုပေးရေးက ပထမဦးစားပေးဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး အဗီလာက ပြောပြီး တာဝန်ရှိသူများလည်း ဖြစ်ပွားရာနေရာသို့ ရောက်ရှိနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required