ကိုင်းမြေပေါ်မှ ကျောက်စရစ် ထူးဖော်ရောင်းချနေမှုအား တားမြစ်ပေးရန် မြေပိုင်ရှင်မှ တစ်ကိုယ်တော် ဆန္ဒပြ

ကိုင်းမြေပေါ်မှ ကျောက်စရစ် ထူးဖော်ရောင်းချနေမှုအား တားမြစ်ပေးရန် မြေပိုင်ရှင်မှ တစ်ကိုယ်တော် ဆန္ဒပြ

သံတွဲ၊ ဒီဇင်ဘာ ၁၉ ။        ။ သံတွဲမြို့၊ သံတွဲချောင်းကမ်းနံဘေးတွင် ဆောင်းသီးနှံစိုက်ခင်းများအဖြစ် စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် ပုဂ္ဂလိကပိုင် ကိုင်းမြေ ၈ ဧကမှ ဆောက်လုပ်ရေးလုပ်ငန်းသုံး   ကျောက်စရစ်ထုတ်လုပ်ခွင့် ပြုထားခြင်းအား ပြန်လည်ရုတ်သိမ်းပေးရန် အကြိမ်ကြိမ် တင်ပြခဲ့ပြီးဖြစ်သော်လည်း ဆက်လက်ထုတ်လုပ်လျက်ရှိနေသည့်အတွက် မြေပိုင်ရှင် ဦးအောင်မြတ်ခိုင်က ယနေ့နေ့လည်ပိုင်းတွင် တစ်ကိုယ်တော်ဆန္ဒပြ တောင်းဆိုလိုက်ကြောင်းသိရသည်။

အဆိုပါမြေနေရာမှာ သံတွဲမြို့အနီးဖြစ်စီးနေသည့် သံတွဲချောင်းကမ်းနံဘေးတွင်ရှိသည့် ဒေသခံများ စိုက်ပျိုးလုပ်ကိုင် နေကြသော ကိုင်းမြေများရှိရာမှ ဦးအောင်မြတ်ခိုင်ပိုင်ဆိုင်သည့် မြေ ၈ ဧကထဲမှ ထုတ်ယူနေခြင်းဖြစ်ကြောင်း မြေပိုင်ရှင်က ပြောသည်။

“ဒီကိုင်းမြေတွေမှာ ကျွန်တော်တို့ စိုက်ပျိုးလုပ်ကိုင်နေခဲ့တာပါ။ ပြီးခဲ့တဲ့ ၈ နှစ်လောက်က သံတွဲချောင်းရေကြီးတဲ့အခါမှာ ရေတိုက်စားပြီးတော့ ကျောက်တွေပေါ်သွားပါတယ်။ အဲဒါကို မြို့နယ်ထွေအုပ်က သိမ်းယူပြီးတော့ စီးပွားရေးလုပ်ငန်းရှင် ၉ ဦးကို ကျောက်ထုတ်ခွင့်ပေးလိုက်ပါတယ်။ ပြန်တောင်းခဲ့ပြီးပါပြီ။ မရတဲ့အတွက် အခုဆန္ဒထုတ်ဖော်ရတာပါ ”ဟု ဦးအောင်မြတ်ခိုင်က ပြောသည်။

ယင်းသို့ ကိုင်းမြေပေါ်မှ ကျောက်ထုတ်လုပ်မှုကို ၂၀၀၈ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်ကာ မြို့နယ်အဆင့်မှ တာဝန်ရှိသူများအား တားမြစ်ပေးရန်အတွက် တင်ပြမှုများပြုလုပ်ခဲ့သော်လည်း ထူးခြားမှုမရှိခဲ့ကြောင်း၊ ယခုဆန္ဒပြတောင်းဆိုမှုပြုလုပ်ပြီး နောက်တွင် ထပ်မံထုတ်လုပ်မှုများပြုလုပ်လာပါက ဥပဒေအရ တစ်ပါတ်အတွင်းတရားစွဲဆိုမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း မြေပိုင်ရှင် ဦးအောင်မြတ်ခိုင်ကဆက်လက်ပြောကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required