ယီမင်တွင် စစ်သားများ လစာထုတ်တန်းစီစဉ် အိုင်အက်စ်အသေခံဗုံးခွဲ၍ ၄၈ ဦး သေဆုံး

ယီမင်တွင် စစ်သားများ လစာထုတ်တန်းစီစဉ် အိုင်အက်စ်အသေခံဗုံးခွဲ၍ ၄၈ ဦး သေဆုံး

အဒင်၊ ဒီဇင်ဘာ ၁၉ ။              ။ ယီမင်နိုင်ငံ အဒင်ဆိပ်ကမ်းမြို့၌ အသေခံတစ်ဦး ဗုံးဖောက်ခွဲ၍ စစ်သား ၄၈ ဦး သေဆုံးကာ ဒဏ်ရာရသူပေါင်း ၈၄ ဦး ရှိခဲ့သည်။

ဆောလာဘန် စစ်အခြေစိုက်စခန်း၌ စစ်သားများက လစာရိက္ခာအတွက် စီတန်းလျက်ရှိစဉ် တိုက်ခိုက်မှုဖြစ်ပွားခြင်းဖြစ်သည်။

စစ်စခန်းတွင် စစ်သားအုပ်စုအတွင်းသို့ ဗုံးခွဲသမားက ၀င်ရောက်ကာ အသေခံဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း တာန်ရှိသူတစ်ဦးက ဆိုသည်။

ယခု တိုက်ခိုက်မှုအား အိုင်အက်စ်တို့က ၎င်းတို့လုပ်ဆောင်ကြောင်း ကြေညာသည်။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း၌ ယင်းအခြေစိုက်စခန်း၌ပင် အလားတူ တိုက်ခိုက်မှုမျိုး ဖြစ်ပွား၍ စစ်သား ၄၈ ဦး သေဆုံးထားခဲ့သည်။

သြဂုတ်လအတွင်း၌လည်း ယင်းမြို့တွင်း၌ပင် စစ်သားစုဆောင်းရေးစင်တာကို တိုက်ခိုက်ရာ လူပေါင်း ရ၀ အနည်းဆုံးသေဆုံးခဲ့သည့် တိုက်ခိုက်မှုကိုလည်း ၎င်းတို့၏ လက်ချက်ပင်ဖြစ်သည်ဟု အိုင်အက်စ်က ကြေညာထားသည်။

အဒင်မြို့မှာ နိုင်ငံတကာအသိအမှတ်ပြု သမ္မတ မန်ဆောဟာဒီအစိုးရအား သစ္စာခံသည့် အမျိုးမျိုးသော အဖွဲ့အစည်းများ၏ ထိန်းချုပ်မှု အောက်တွင် ရှိသည်။ ထိုအဖွဲ့အစည်းတပ်ဖွဲ့များက ရှီးယိုက်ဟူသီ သူပုန်များနှင့် ယင်းမဟာမိတ်များနှင့် တိုက်ပွဲများ ဆင်နွှဲနေရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required