တောင်အမေရိကတိုက်၏ ပထမဆုံးသော ဆေးခြောက်ပြတိုက် ဥရုဂွေးတွင် ဖွင့်လှစ်ပြသ

တောင်အမေရိကတိုက်၏ ပထမဆုံးသော ဆေးခြောက်ပြတိုက် ဥရုဂွေးတွင် ဖွင့်လှစ်ပြသ

ဒီဇင်ဘာ ၉ ။               ။ တောင်အမေရိကတိုက်တွင် ပထမဆုံးဖြစ်သည့် ဆေးခြောက်ပြတိုက်တစ်ခုကို ဥရုဂွေးနိုင်ငံတွင် ဒီဇင်ဘာလ ၈ ရက်က စတင်ဖွင့်လှစ်လိုက်သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ပြတိုက်ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ လာရောက်ကြည့်ရှုသူများကို ဆေးခြောက်ပေါ်ပေါက်လာပုံ သမိုင်းကြောင်းနှင့် ပတ်သက်၍ သိရှိသွားစေရန်နှင့် ဆေးခြောက်ပင်အသုံးပြုပုံနည်းလမ်းများ အကြောင်းကိုလည်း ပညာပေးနိုင်ရန် ဖြစ်ကြောင်း ပြတိုက်ဒါရိုက်တာ အက်ဒွာဒို ဘလာစီနာက ပြောသည်။

အဆိုပါ ဆေးခြောက်ပြတိုက်သည် ဥရုဂွေးနိုင်ငံ မြို့တော် Montevideo တွင်တည်ရှိသည်ဟုလည်း သိရသည်။

သမ္မတ Hose Mujica လက်ထက် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက နိုင်ငံတွင် ဆေးေြာခက်ထုတ်လုပ်ရောင်းချခြင်းကို တရားဝင်အဖြစ် သတ်မှတ်လိုက်ပြီးနောက် ယခုကဲ့သို့ ပြတိုက်ဖန်တီးပြသမည့် အိုင်ဒီယာထွက်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ဘလာစီနာက ပြောသည်။

ဆေးခြောက်မှာ အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေသည့် အပင်တစ်မျိုးဖြစ်ကြောင်း ဘလာစီနာက ပြောကြားခဲ့သည့်အပြင် ယခုပြတိုက်ကြောင့်လည်း နိုင်ငံခြားခရီးသွားဧည့်သည် အမြောက်အမြားရောက်ရှိလာမည်ဖြစ်သဖြင့် ခရီးသွားလုပ်ငန်းကိုပါ တိုးတက်စေနိုင်ကြောင်း ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required