မြန်မာ-ထိုင်း ဆီမီးဖိုင်နယ်ပွဲစဉ် လက်မှတ်များ ဒီဇင်ဘာ ၂၊ ၃ ရက်နေ့များတွင် ရောင်းချမည်

မြန်မာ-ထိုင်း ဆီမီးဖိုင်နယ်ပွဲစဉ် လက်မှတ်များ ဒီဇင်ဘာ ၂၊ ၃ ရက်နေ့များတွင် ရောင်းချမည်
(ဓာတ်ပုံ - MFF)

အာဆီယံချန်ပီယံရှစ် ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲ မြန်မာ-ထိုင်း ဆီမီးဖိုင်နယ်ပွဲစဉ် လက်မှတ်များကို ဒီဇင်ဘာ ၂ရက်နေ့နှင့် ဒီဇင်ဘာ ၃ရက်နေ့ မနက် ၁ဝနာရီမှ ညနေ ၄နာရီအထိ ရောင်းချပေးသွားမယ်လို့ သိရှိရပါတယ်။

လက်မှတ်ရောင်းချမယ့် နေရာများအဖြစ် သုဝဏ္ဏအားကစားကွင်း၊ အောင်ဆန်း၊ ပဒုမ္မာကွင်းနှင့် ရောင်းချနေကျ မြန်မာပလာဇာအစား လှည်းတန်းစင်တာတွင် အစားထိုးရောင်းချပေးသွားမှာဖြစ်ပါတယ်။

လက်မှတ်ဝယ်ယူရာတွင် မှတ်ပုံတင်တစ်စောင်ကို လက်မှတ် နှစ်စောင်ဝယ်ယူနိုင်မှာဖြစ်ပြီး လူတစ်ဦးတည်းမှ မှတ်ပုံတင်အများကြီးနှင့် ဝယ်ယူခြင်းကို ခွင့်ပြုမည်မဟုတ်ပါ။

လာရောက်ကြည့်ရှုမည့် ပရိသတ်များပြားနိုင်သည့်အတွက် လက်မှတ်များကို နီးစပ်ရာ အရောင်းဆိုင်များတွင် ၀ယ်ယူထားကြရန် မေတ္တာရပ်ခံအပ်ပါတယ်လို့ MFF က ဆိုပါတယ်။

ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် ထိုင်းအသင်းတို့ဟာ ဒီဇင်ဘာလ ၄ ရက် ညနေ ၆ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

Ref; Myanmar Football Federation

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required