ဟံသာဝတီဘူတာနှင့် လှည်းတန်းဘူတာအကြားမှာ သေဆုံးခဲ့သည့် မိန်းကလေးငယ်အလောင်း ဆေးစစ်ချက်အဖြေမထွက်သေး

ဟံသာဝတီဘူတာနှင့် လှည်းတန်းဘူတာအကြားမှာ သေဆုံးခဲ့သည့် မိန်းကလေးငယ်အလောင်း ဆေးစစ်ချက်အဖြေမထွက်သေး
နိုဝင်ဘာလ ၂၄ ရက်နေ့ည သေဆုံးသူ မိန်းကလေးငယ် အနီး တွေ့ရသည့် ပစ္စည်းများ။ ဓာတ်ပုံ-သူရ

နိုဝင်ဘာလ ၂၄ရက်ညက ဟံသာဝတီဘူတာနှင့် လှည်းတန်းဘူတာအကြားမှာ သေဆုံးခဲ့သည့် အသက် ၁၀ နှစ်ခန့် မိန်းကလေးငယ် အလောင်းအား ရန်ကုန်ဆေးရုံကြီးမှာ စစ်ဆေးလျက်ရှိပြီး ဆေးစစ်ချက် မထွက်ရှိသေးကြောင်း ကမာရွတ်မြို့မရဲစခန်းမှ သိရသည်။

တရားခံဟု ယူဆရသူကိုလည်း လက်ရှိမှာ ဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ကမာရွတ်မြို့မရဲစခန်း တာဝန်မှူး ဒုရဲအုပ်အရာရှိက မဇ္စျိမသို့ ပြောသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ ည ရ နာရီ ၂၅ မိနစ်ခန့်က ကမာရွတ်မြို့နယ်၊ (၆)ရပ်ကွက်၊ ဟံသာဝတီဘူတာနှင့် လှည်တန်းဘူတာကြား၊ မိုင်တိုင်အမှတ်(၄/၁၂)  ရထားသံလမ်းပေါ်တွင် မိန်းကလေးငယ်တစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required