စင်ပေါ်၌ လှောင်ပြောင်အော်ဟစ်ခံရအပြီး နောက်ထပ်လှည့်လည်ဖျော်ဖြေပွဲများကို Kanye West ပယ်ဖျက်

စင်ပေါ်၌ လှောင်ပြောင်အော်ဟစ်ခံရအပြီး နောက်ထပ်လှည့်လည်ဖျော်ဖြေပွဲများကို Kanye West ပယ်ဖျက်

နာမည်ကျော် rap အဆိုတော် Kanye West ဟာ Sacramento ရှိုးပွဲအပြီးနောက်နှစ်ရက်အကြာမှာ ကျန်ရှိနေ တဲ့သူ့ရဲ့ Saint Pablo လှည့်လည်ဖျော်ဖြေပွဲအားလုံးကို ပယ်ဖျက်ခဲ့ပါတယ်။

အဆိုတော်ဟာ ပြီးခဲ့တဲ့စနေနေ့ညက Sacramento ရှိုးပွဲမှာ သီချင်းသုံးပုဒ်သာဖျော်ဖြေခဲ့ရပြီး သူ့ကို ပရိသတ်တွေက မလှောင်ပြောင်ခင်မှာ သူဟာ အဆိုတော် ဂျေဇီ၊ ဟီလာရီကလင်တန်၊ ဖေ့စ်ဘုတ်ပိုင်ရှင် မာ့ခ်ဇူကာဘတ်တို့ကို ဝေဖန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ အဆိုတော်ဟာ LA မှာရှိတဲ့ရှိုးပွဲတွေကို ပယ်ဖျက်ခဲ့ပြီး နောက်ထပ်လာမယ့် ရှိုးပွဲတွေ အားလုံးကိုပယ်ဖျက်ခဲ့ပါတယ်။ လက်မှတ်တွေကိုတော့ ငါးရက်ကနေ ခုနှစ်ရက်အတွင်းငွေပြန်အမ်းပေးမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required