ရန်ကုန်၊ နိုဝင်ဘာ ၂၀ ။ ။ မူဆယ် ၁၀၅ မိုင်မှာ တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့တွေ နိုဝင်ဘာ ၂၀ရက် နံနက်က တိုက်ပွဲဖြစ်နေတယ်လို့ မူဆယ် တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးစိုင်းမြင့်လွင်က မဇ္ဈိမကို အတည်ပြုပြောပါတယ်။
အဆိုပါတိုက်ပွဲကြောင့် ပြည်သူ ၁၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ၂ ဦးသေဆုံးတယ်လို့ တိုက်ပွဲနဲ့ အနီးစပ်ဆုံးနေရာမှာ ရှိတဲ့ ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရပါတယ်။
လက်ရှိအချိန် မူဆယ်မြို့ရဲ့ လမ်းတွေပေါ်မှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဒဏ်ရာရသူတွေကို လက်လံကုသပေးနေတဲ့ ပရဟိတအဖွဲ့တွေပဲရှိနေတယ်လို့ မူဆယ်မြို့ခံ ဒေသခံတစ်ဦးကပြောပါတယ်။
နိုဝင်ဘာ ၂၀ ရက် နံနက် ၂နာရီလောက် ၁၀၅ မိုင်နားက ရဲကင်းတစ်ခုကို တဖက်က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သူကဆိုပါတယ်။
မနက် ၆ နာရီလောက်မှာတော့ မုံးကိုးမြို့ပေါ်ရှိ စခန်းတစ်ခုတွင် တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီး နံနက် ၉နာရီ ၂၀မိနစ်တွင် ရပ်နားသွားတယ်လို့လည်း ဒေသခံက ဆိုပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ အကြောင်းရင်းကိုတော့ မဇ္ဈိမက အတည်မပြုနိုင်သေးပါဘူး။