ရန်ကုန်တိုင်း အစိုးရအနေဖြင့် ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်က ရရှိရန်ရှိသော ကြွေးစာရင်းများကို ပြန်လည်စိစစ်မည်

ရန်ကုန်တိုင်း အစိုးရအနေဖြင့် ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်က ရရှိရန်ရှိသော ကြွေးစာရင်းများကို ပြန်လည်စိစစ်မည်
ဓာတ်ပုံ-နေသာ

ရန်ကုန် ၊ နိုဝင်ဘာ ၉ ။             ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွင်း ပုဂ္ဂလိကကုမ္ပဏီများဖြင့် ပူးပေါင်းဆောင်ရွက် ခဲ့သော ဆောက်လုပ်ရေးလုပ်ငန်းများမှ ရရှိရန်ကျန်ရှိနေသော အကြွေးစာရင်းများကို ပြန်လည်စီစစ်သွားမည်ဖြစ် ကြောင်း မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောသည်။

"အဲဒါတွေကို ပြန်လည်ဆန်းစစ်ပါမယ်။ ဆန်းစစ်ပြီးလို့ရှိရင် အတိအကျကို ပြန်လည်ဖြေကြားပေးပါမယ်" ဟု ဦးမောင်မောင်စိုးက ပြောသည်။

နိုင်ငံတော်မှ ရရှိရန် ကျန်ငွေများမှာ ဟန်မြင့်မိုရ်ဆောက်လုပ်ရေးကုမ္ပဏီမှ ၁၃၄.၄၂၃ သန်း၊ ဆင်မလိုက် အဆင့်မြှင့် အိမ်ရာစီမံကိန်းမှ ၅၅သန်း ၊ ပုလဲကွန်ဒို အိမ်ရာစီမံကိန်းမှ ၃၆၆၄.၃၀ သန်း၊ ယုဇနအိမ်ရာ တိုက်ခန်းရောင်းချမှုမှ ၅.၀၅ သန်း ရှိနေကြောင်း ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် စာရင်းစစ်ချုပ် အစီရင်ခံစာအရ တွေ့ရှိရသဖြင့် နိုင်ငံတော်သို့ ပေးသွင်း ခြင်းရှိမရှိ ဆိပ်ကြီးခနောင်တိုမဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက မေးမြန်း ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့မေးမြန်းခဲ့သည့်အတွက် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက အဆိုပါ လုပ်ငန်းများမှ ပေးသွင်းခြင်း ရှိမရှိကို ပြန်လည် စီစစ်ရမည်ဖြစ်ပြီး စီစစ်ပြီးမှသာ ပြန်လည်တင်ပြသွားမည်ဖြစ်ကြောင်း လွှတ်တော်တွင် ဖြေကြားခဲ့ခြင်းဖြစ် သည်။

ယင်းမေးခွန်းကို သြဂုတ်လအတွင်းက မေးမြန်းထားခဲ့ခြင်းဖြစ်သည့်အတွက် လွှတ်တော်တွင်း လာရောက်ဖြေဆိုသည့် အခါ အဖြေအဆင့်သင့် ဖြစ်သင့်ကြောင်း ဒေါ်စန္ဒာမင်းက ပြောကြားခဲ့သည်။

"အခု YCDC အနေနဲ့ ဖြေသွားတဲ့အဖြေတွေက လုံးထွေးပြီးတော့အဖြေတစ်ခုအနေနဲ့မှ ကျေနပ်မှုမရရှိဘူးဆိုတာ ပြော ချင်ပါတယ်" ဟု ဒေါ်စန္ဒာမင်းက ပြောသည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းဝေး (၁၅) ရက်မြောက်နေ့တွင် ယခုကဲ့သို့ ပြောကြားခြဲ့ခင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly