အင်္ဂလန်နည်းပြအဖွဲ့တွင် ပါ၀င်ကူညီရန် ဂျရတ်နှင့်လမ်းပတ်တို့ကို အက်ဖ်အေကမ်းလှမ်း

အင်္ဂလန်နည်းပြအဖွဲ့တွင် ပါ၀င်ကူညီရန် ဂျရတ်နှင့်လမ်းပတ်တို့ကို အက်ဖ်အေကမ်းလှမ်း

အောက်တိုဘာ ၃၁၊ အင်္ဂလန် ။              ။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်အက်ဖ်အေက လက်ရွေးစင်ကစားသမားဟောင်းများဖြစ်သော စတီဗင်ဂျရတ်နှင့် ဖရန့်လမ်းပတ်တို့ကို အင်္ဂလန်နည်းပြအဖွဲ့တွင် ပါဝင်ကူညီရန် ကမ်းလှမ်းလိုက်သည်။

အမေရိကန်နိုင်ငံတွင် ကစားနေသည့် ဂျရတ်နှင့် လမ်းပတ်တို့အား အက်ဖ်အေက မေဂျာလိဂ်ပြိုင်ပွဲနားချိန်တွင် ရုန်းကန်နေရသည့် အင်္ဂလန်အသင်းအားကူညီရန် အကူအညီတောင်းခဲ့ခြင်းဖြစ်သည်။

ဂျရတ်နှင့်လမ်းပတ်တို့၏အတွေ့အကြုံများကို အယ်လီ၊ ဒီယာနှင့် ဂျွန်စတုန်းတို့ကဲ့သို့လူငယ်ကစားသမားများအား ဝေမျှပေးရန် အက်ဖ်အေက ဆန္ဒရှိနေခြင်း ဖြစ်သည်။

အက်ဖ်အေ၏ ကမ်းလှမ်းမှုကို လမ်းပတ်က သဘောတူညီခဲ့ပြီးဖြစ်သော်လည်း ဂျရတ်ကမူ အယ်လ်အေဂလက်ဆီအသင်းနှင့် အနာဂတ်အားဆုံးဖြတ်ပြီးမှ အကြောင်းပြန်မည် ဖြစ်သည်။

အင်္ဂလန်အသင်း၏ယာယီနည်းပြ ဆောက်ဂိတ်ကလည်း ဂျရတ်နှင့် လမ်းပတ်တို့အား ကြိုဆိုခဲ့သည်။

ရည်ညွှန်း သည်ဆန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required