ဗီယက်နမ်တွင် ဇီကာနှင့် ဆက်နွှယ်သည့် ဦးခေါင်းသေး ကလေးငယ်တစ်ဦး ပထမဆုံးတွေ့ရှိ

ဗီယက်နမ်တွင် ဇီကာနှင့် ဆက်နွှယ်သည့် ဦးခေါင်းသေး ကလေးငယ်တစ်ဦး ပထမဆုံးတွေ့ရှိ

ဟနွိုင်း၊ အောက်တိုဘာ ၃၀ ။         ။ ဗီယက်နမ်နိုင်ငံတွင် ခြင်မှတစ်ဆင့်ကူးစက်သော ဇီကာပိုးနှင့် ဆက်နွှယ်သည့် ဦးခေါင်းသေးကလေးငယ်တစ်ဦး ပထမဆုံးအဖြစ် မွေးဖွားထားသည်ကို တွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၃၀ ရက်၌ ပြောသည်။

ဒက်လက်ပြည်နယ်တွင် ကိုယ်ဝန်ဆောင်စဉ်က ဇီကာပိုးကူးစက်ခံရသူ မိခင်မှ မွေးဖွားခဲ့သည့် လေးလသားအရွယ် ကလေးငယ်အား တွေ့ရှိခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အထွေထွေဆေးဝါးကာကွယ်ရေးဌာနက ၎င်း၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်သည်။

ဗီယက်နမ်နိုင်ငံတွင် ဇီကားကူးစက်ဖြစ်ပွားသူပေါင်း ကိုးဦးရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required