ဒိုင်လူကြီးအား မှတ်ချက်ပြောကြားခဲ့တဲ့ မော်ရင်ဟိုကို အက်ဖ်အေ စွဲချက်တင်

ဒိုင်လူကြီးအား မှတ်ချက်ပြောကြားခဲ့တဲ့ မော်ရင်ဟိုကို အက်ဖ်အေ စွဲချက်တင်
(ဓာတ်ပုံ - အီးပီအေ)

လီဗာပူးလ်နဲ့ ပွဲစဉ်မတိုင် ကွင်းလယ်ဒိုင် အန်သိုနီတေလာ အပေါ် မှတ်ချက်စကားအတွက် မန်ယူနည်းပြ မော်ရင်ဟိုကို အက်ဖ်အေက ကြာသပတေးနေ့မှာ စွဲချက်တင်ထားတယ်လို့ သိရပါတယ်။

မန်ချက်စတာဒေသခံဖြစ်နေတဲ့ တေလာအနေနဲ့ သူအပေါ် ဖိအားတွေကြောင့် "ဒီပွဲကို ကိုင်တွယ်ရာမှာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ရှာဖို့ ခက်ခဲမယ်လို့" အသက် ၅၃ နှစ်ရွယ် မော်ရင်ဟိုက အောက်တိုဘာ ၁၇ ရက်က အန်ဖီးလ်မှာ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာဖြစ်ပါတယ်။
 
"တေလာဟာ အလွန်ကောင်းမွန်တဲ့ ဒိုင်လူကြီးတစ်ယောက်ဖြစ်တယ်လို့ ကျနော် ထင်ပါတယ်။ ဒါပေမယ့် ကျနော့်အထင် တစ်စုံတစ်ယောက်က ရည်ချက်ရှိရှိနဲ့ သူ့အပေါ် ဖိအားပေးမယ်ဆိုရင် ဒါဟာ သူ့အတွက် အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ရှာဖို့ ခက်ခဲမယ်လို့ ကျနော် ခံစားရပါတယ်"လို့ ပွဲကြိုနှင့် ပတ်သက်လို့ ဒိုင်လူကြီးတွေအပေါ် မှတ်ချက်စကား မပြောရပေမယ့် ပေါ်တူဂီလူမျိုးနည်းပြက ပြောဆိုသွားတာဖြစ်ပါတယ်။

လီဗာပူးလ်နှင့် မန်ယူတို့ဟာ ဂိုးမရှိ သရေကျခဲ့ပြီးနောက် မော်ရင်ဟိုနှင့် ယာဂန်ကလော့ပ်တို့ နည်းပြနှစ်ဦးစလုံးက ဒိုင်တေလာရဲ့ ပွဲကိုင်တွယ်မှုအပေါ် ချီးကျူးသွားခဲ့ပါတယ်။

"မန်ယူနည်းပြ ဟိုဆေးမော်ရင်ဟိုဟာ အောက်တိုဘာ ၁၇ ရက် တနင်္လာနေ့က လီဗာပူးလ်နှင့် မန်ယူပွဲစဉ်မတိုင်မီ ဒိုင်လူကြီးနှင့် စပ်လျဉ်းပြီး မှတ်ချက်ပြောကြားရာမှာ လေးစားမှုမရှိတဲ့ အပြုအမှုအတွက် စွဲချက်တင်ခဲ့ကြောင်း" အက်ဖ်အေက ကြေညာချက်မှာ ဖော်ပြာထားပါတယ်။

မော်ရင်ဟိုဟာ အောက်တိုဘာ ၃၁ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီအထိ စွပ်စွဲချက် ကို အယူခံနိုင်တယ်လို့ သိရပါတယ်။

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required