ဒီမိုကရက်တစ်ပါတီ၏ ဆီးနိတ် လွှတ်တော်ကိုယ်စားလှယ် အတွက် ဟီလာရီကလင်တန် မဲဆွယ်ပေး

ဒီမိုကရက်တစ်ပါတီ၏ ဆီးနိတ် လွှတ်တော်ကိုယ်စားလှယ် အတွက် ဟီလာရီကလင်တန် မဲဆွယ်ပေး

အောက်တိုဘာ ၂၆ ။              ။ ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီကလင်တန်သည် အောက်တိုဘာ ၂၄ ရက်က နယူးဟမ့်ရှိုင်းယားပြည်နယ် မန်ချက်စတာရှိ Saint Anselm ကောလိပ်တွင် မဲဆွယ်စည်းရုံးပြောဆိုခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

သူမ၏ အဓိကရည်ရွယ်ချက်မှာ အဓိကကျသည့် ဆီးနိတ်လွှတ်တော်အမတ်တစ်နေရာကို ဒီမိုကရက်တစ်ပါတီဘက်မှ ရယူနိုင်ရေးအတွက် ရည်ရွယ်မဲဆွယ်ခဲ့ပုံရကြောင်းလည်း သိရသည်။

ကက်သလစ်၊ လစ်ဘရယ် ကောလိပ်တွင် ဟီလာရီနှင့်အတူ မက်ဆာချူးဆက်စ်မှ လူသိများသော ဆီးနိတ်အမတ် အဲလိဇဘက် ဝါရင်တို့ မဲဆွယ်ပြောဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

ဝါရင်က ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရန့်နှင့် နယူးဟမ့်ရှိုင်းယားမှ အမတ် ကယ်လီအရိုတီတို့ကိုလည်း ဝေဖန်ပြောဆိုသွားခဲ့သည်။

စစ်တမ်းများအရ ကယ်လီအရိုတီအနေဖြင့် ၎င်း၏ ရွေးကောက်ပွဲအနိုင်ရရေးကြိုးပမ်းမှု ရှုံးနိမ့်သွားနိုင်ကြောင်း ဖော်ပြနေသည်ဖြစ်ရာ ဒီမိုကရက်တစ်များဘက်မှ ယင်းဆီးနိတ်အမတ်နေရာကို ရရှိသွားပြီး ကွန်ဂရက်အထက်လွှတ်တော်တွင် နေရာအများစုရရှိနိုင်ရေး နီးစပ်သွားမည်ဟု ယူဆရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required