ပြဿနာ ကြီးထွားအောင် မချဲ့ရန် အောက်ခြေတပ်ဖွဲ့များကို ညွှန်ကြားထားဟု “၀” တပ်ဖွဲ့ဆို

ပြဿနာ ကြီးထွားအောင် မချဲ့ရန် အောက်ခြေတပ်ဖွဲ့များကို ညွှန်ကြားထားဟု “၀” တပ်ဖွဲ့ဆို

ရန်ကုန်၊ အောက်တိုဘာ ၂၅ ။                   ။ ခရီးကြမ်းချီတတ် လေ့ကျင့်ရေးကြောင့် ဖြစ်ပေါ်လာသော အထင်လွှဲမှားမှုနှင့် ပက်သက်၍ ပြသာနာကြီးထွားအောင် မချဲ့ ထွင်ရန် အောက်ခြေတပ်ဖွဲ့များကို ညွန်ကြားထားပြီး ကြောင်း “ဝ” တပ်ဖွဲ့မှ ထုတ်ပြန်လိုက်သည်။

မိုင်းလားဒေသတွင် ဖြစ်ပါ်ခဲ့သည့် အထင်လွဲမှားမှုများနှင့် ပက်သက်ပြီး UWSA ၀ တပ်ဖွဲ့က ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိူးဝင်ထံ အောက်တိုဘာ ၂၁ ရက်စွဲဖြင့် အကြောင်းကြား စာပေးပို့ခဲ့ခြင်းဖြစ်သည်။

နှစ်ဘက်အောက်ခြေတပ်ဖွဲ့ ကွပ်ကဲရေးခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့ပြီး မည်သည့် စစ်မက်ဖြစ်ပွားမှုကိုမှ အလွယ်တကူ ဦးတည်မည် မဟုတ်ကြောင်း ၎င်းထုတ်ပြန်စာတွင် ပါရှိသည်။

“ဝ” တပ်ဖွဲ့( UWSA)  ဥက္ကဋ္ဌ ဦးပေါက်ယူချန်း လက်မှတ်ဖြင့်  ပေးပို့သည့် စာတွင် NCA အပစ်ရပ်စာချူပ်ပါအတိုင်း ငြိမ်း ချမ်းရေး လုပ်ငန်းများကို အမြန်အကောင်အထည်ဖော်နိုင်ဖို့မျှော်လင့်ကြောင်း   ဖော်ပြထားသည်။

အစိုရနှင့် " ၀ " တပ်ဖွဲ့တို့ စစ်ရေးတင်းမာမှု တစ်ချို့ရှိခဲ့၍  မိုင်းလားဒေသနဲ့ ဆက်သွယ်ထားတဲ့ ဝမ်တာပင်းနဲ့ မိုင်းယုဂိတ် (၂) ခု ဖြတ်သန်းသွားလာမှုကို အောက်တိုဘာ ၂၃ ရက်နေ့က စတင်ပိတ်ပင် ထားကြောင်း သိရသည်။

မိုင်းလားဒေသတွင် တပ်စွဲထားသည့် UWSA တပ်ဖွဲ့၏ တပ်ရင်းများအား  အောက်တိုဘာ ၂၄ ရက် နောက်ဆုံး ဆုတ်ခွာပေးရန်  ရွှေတြိဂံတိုင်း တိုင်းမှူးက တောင်းဆိုထားပြီး " ဝ " တပ်ဖွဲ့မှ အဆိုပါ   တောင်းဆိုချက်ကို ငြင်းပယ်လိုက်သည့် အ တွက် နှစ်ဖက်စစ်ရေး တင်းမာနေခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required