ရခိုင်ပြည်နယ်ရှိ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ဝန်ထမ်းများကို တောင်တွင်းကြီးမြို့မှ စေတနာရှင်လူငယ်များ သွားရောက်လှူဒါန်း

ရခိုင်ပြည်နယ်ရှိ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ဝန်ထမ်းများကို တောင်တွင်းကြီးမြို့မှ စေတနာရှင်လူငယ်များ သွားရောက်လှူဒါန်း

တောင်တွင်းကြီး၊ အောက်တိုဘာ ၂၁ ။              ။ ရခိုင်ပြည်နယ် မောင်တော ဒေသများတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ရှေ့တန်းရောက် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ဝန်ထမ်း များအတွက် မကွေးတိုင်း၊ တောင်တွင်းကြီး မြို့ပေါ်ရှိ စေတနာရှင် လူငယ်အဖွဲ့က သွားရောက် လှူဒါန်းလျှက်ရှိကြောင်း သိရသည်။

ကော်ဖီထုပ်၊ ဖက်ဆေးလိပ်၊ မုန့်ခြောက်၊ ခေါက်ဆွဲခြောက်၊ ဆေးဝါး စသည့် ရိက္ခာခြောက် များကို အခင်းဖြစ်နယ်မြေနှင့် အနီးစပ်ဆုံး အမ်းတပ်နယ်မှ နယ်မြေခံတပ်ရင်း၊တပ်ဖွဲ့များကို ဆက်သွယ်၍ ယခုလ အောက်တိုဘာ(၁၈)ရက် နေ့မှ စတင်ကာ သွားရောက်လှူဒါန်းလျှက်ရှိ ကြောင်း စေတနာရှင်လူငယ်အဖွဲ့ဝင်များ၏ ပြောပြချက်အရ သိရသည်။

"တစ်ခြားရည်ရွယ်ချက်တော့ မရှိပါဘူး။ နိုင်ငံတော်အတွက် အသက်စွန့် တာဝန်ထမ်း ဆောင်နေရတဲ့ တပ်မတော်သား ၊ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့ ဝန်ထမ်းတွေကို တစ်ဖက် တစ်လမ်းက ကူညီထောက်ပံ့တဲ့ အနေနဲ့ မိမိ သဘော ဆန္ဒအ လျောက် အလှူခံနေတာပါ။ ဘယ်အဖွဲ့အစည်းကိုမှ ကိုယ်စားမပြုပါဘူး" ဟု တောင်တွင်းကြီးမြို့နယ် ၊စေတနာရှင်လူငယ် အဖွဲ့မှ ကိုဗိုလ်ပြည့်က ပြောသည်။

အလှူခံခြင်းကို လူမှုကွန်ယက်နှင့် ဖုန်းများမှ တစ်ဆင့် လက်လှမ်းမီသ၍ ဆောင်ရွက်ခဲ့ကြပြီး မကွေးတိုင်းအတွင်းရှိ မြို့ နယ်များမှ အလှူရှင်များကလည်း စုစုပေါင်းကျပ်ငွေ ၁၃၈၀၀၀၀ိ/- (တစ်ဆယ့်သုံးသိန်းရှစ်သောင်း)တိတိကို အခင်းဖြစ် နယ်မြေနှင့် အနီးစပ်ဆုံး အမ်းတပ်နယ်၊ နယ်မြေခံတပ်ရင်းမှ တပ်မှူး ဒုတိယဗိုလ်မှူးကြီး နိုင်ဝင်းအေး၏ အကူအညီဖြင့် လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly