လာလီဂါသမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားစာရင်းတွင် စီရော်နယ်ဒိုအဆင့် ၂၃ သာချိတ်ပြီး မက်ဆီ အဆင့် ၄ ရရှိ

လာလီဂါသမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားစာရင်းတွင် စီရော်နယ်ဒိုအဆင့် ၂၃ သာချိတ်ပြီး မက်ဆီ အဆင့် ၄ ရရှိ

အောက်တိုဘာ ၁၁ ။                ။ လက်ရှိကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုရှင် စီရော်နယ်ဒိုမှာ ရီးယဲလ်အသင်း၏ သမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းယူထားသူ ဖြစ်သော်လည်း စပိန်လာလီဂါသမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားစာရင်းတွင် အဆင့် ၂၃ သာ ရရှိခဲ့သည်။

လက်ရှိဘောလုံးကမ္ဘာ၏ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံထားရသော မက်ဆီသည်လည်း ဘာစီလိုနာအသင်းနှင့်အတူ လာလီဂါဖလား ရှစ်လုံး၊ ချန်ပီယံလိဂ်ဖလား ၄ လုံးအပါအဝင် ကမ္ဘာ့အကောင်းဆုံးဆုကို ငါးကြိမ်ရရှိထားသော်လည်း ထိုစာရင်းတွင် အဆင့် ၄ နေရာသာ ချိတ်နိုင်ခဲ့သည်။

၁၉၂၉ ခုနှစ်ကတည်း စတင်ခဲ့သော လာလီဂါပြိုင်ပွဲတွင် အကောင်းဆုံးကစားသမားကိုရွေးချယ်ရာတွင် ပွဲထွက်ကစားခွင့်ရရှိချိန်၊ ဂိုးသွင်းယူမှု၊ ဂိုးပေးရမှု၊ အဝါကတ်၊ အနီကတ်များ အပေါ် တွက်ချက်ဆုံးဖြတ်ခြင်းဖြစ်သည်။ ကစားသမားပေါင်း ၉၁၁၇ ဦးကို တွက်ချက်ခဲ့ခြင်း ဖြစ်သည်။

မက်ဆီနှင့် စီရော်နယ်ဒိုတို့ကို ကျော်ဖြတ်ပြီး အကောင်းဆုံးကစားသမားနံပါတ်တစ်နေရာတွင် ရပ်တည်ခဲ့သူမှာ ရီးယဲလ်၏ ဂန္ထဝင် တိုက်စစ်မှူး ရာအူးလ်ဂွန်ဇာလက်ဇ်ဖြစ်သည်။ ရာအူးလ်သည် ၁၉၉၄ မှ ၂၀၁၀ အထိ ရီးယဲလ်တွင်ကစားခဲ့ပြီး လာလီဂါပွဲပေါင်း ၅၅၀ တွင် ၂၂၈ ဂိုးသွင်းယူပေးခဲ့သည်။ လာလီဂါဖလား ခြောက်ကြိမ် ရရှိခဲ့သည်။

ရာအူးလ်၏ နောက်တွင် ရပ်တည်ခဲ့သူမှာ ၁၉၄၀ ဝန်းကျင်က ဘာစီလိုနာ၏ ဟီးရိုး ဆီဆာရိုဒရီဂွက်ဇ်အယ်လ်ဗာရက်ဇ်ဖြစ်သည်။ ၎င်းမှာ လာလီဂါပွဲပေါင်း ၂၈၇ ပွဲတွင် ဂိုးပေါင်း ၁၉၀ သွင်းယူပေးခဲ့သည်။ လာလီဂါချန်ပီယံငါးကြိမ်ဖြစ်ခဲ့သည်။

နံပါတ်သုံးနေရာတွင် ရပ်တည်ခဲ့သူကတော့ ဘီလ်ဘာအိုတိုက်စစ်မှူးဟောင်းကြီး တယ်မိုဇာရာဖြစ်သည်။ ဘာစီလိုနာကွင်းလယ်လူဟောင်း ဇာဗီမှာ အဆင့် ၄၅၊ ရီးယဲလ်ဂိုးသမားဟောင်း ကားဆီးလက်စ်မှာ အဆင့် ၆၂၊ ဗလင်စီယာနှင့် ဘာကာတိုက်စစ်မှူးဟောင်း ဒေးဗစ်ဗီလာမှာ အဆင့် ၃၂ တွင် ရပ်တည်ခဲ့ကြသည်။

ရည်ညွှန်း သည်ဆန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required