အဘူဆေယက်စ်ဂျီဟတ် စစ်သွေးကြွများ ဓားစာခံ နော်ဝေ အမျိုးသားအား ပြန်လွှတ်

အဘူဆေယက်စ်ဂျီဟတ် စစ်သွေးကြွများ ဓားစာခံ နော်ဝေ အမျိုးသားအား ပြန်လွှတ်

မနီလာ၊ စက်တင်ဘာ ၁၈ ။          ။ ဖိလစ်ပိုင်နိုင်ငံက အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့က ခေါင်းဖြတ် ကွပ်မျက်ခဲ့သည့် ကနေဒါနိုင်ငံသား နှစ်ဦးနှင့်အတူ ပြန်ပေးဆွဲခဲ့သည့် နော်ဝေနိုင်ငံသားအား ပြန်လည် လွှတ်ပေးကြောင်း တာဝန်ရှိသူများက ပြောသည်။

ဆူလူးပြည်နယ်တွင် နော်ဝေနိုင်ငံသား ကဂျာတန်ဆစ်ကင်းစတိတ်အား စက်တင်ဘာ ၁၇ ရက်က အဘူဆေယက်စ် ဂျီဟတ် စစ်သွေးကြွများက ပြန်လည် လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ အတည်မပြုနိုင်သည့် သတင်းများအရ ပြန်ပေးငွေ အမြောက်အမြား ပေးရကြောင်း ကြားသိရသည်။

အဘူဆေယက်စ် အုပ်စုသည် လွန်ခဲ့သည့် တစ်နှစ်က လူလေးဦးအား ဓားစာခံ ပြန်ပေးဆွဲခဲ့ခြင်းဖြစ်သည်။ ပြန်ပေးဆွဲထားသူများမှာ ဖိလစ်ပိုင် အမျိုးသမီးတစ်ဦးကို ဇွန်လအတွင်းက   ပြန်လည် လွှတ်ပေးခဲ့သည်။

အဘူဆေယက်စ်တို့သည် လွတ်လပ်သည့် အစ္စလာမ္မစ်နိုင်ငံ တည်ထောင်ရန် တိုက်ခိုက်မှုများ ကျုးလွန်နေကြခြင်းဖြစ်သည်။ ၎င်းတို့က ရန်ပုံငွေအတွက် ရံခါဆိုသလို ပြန်ပေးဆွဲ ငွေတောင်းမှုများ လုပ်ဆောင်သည်။

ဂျိုလိုကျွန်း ပါတီကူမြို့တွင် ဆစ်ကင်းစတိတ်အား လွှတ်ပေးလိုက်ခြင်းဖြစ်သည်။ ၎င်းအား အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသည့် ယခုဓားစာခံပြန်လွှတ်ပေးရေးတွင် စေ့စပ်ညှိနှိုင်းကာ ကြားဝင်ကူညီခဲ့သော မိုရိုအမျိုးသားလွတ်မြောက်ရေးတပ်ဦး အဖွဲ့မှ သူပုန်များထံ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

သြဂုတ်လအတွင်းက ဖိလစ်ပိုင်သမ္မတ ဒူတာတေးသည် ပြန်ပေးငွေ အမြောက်အမြား ပေးခဲ့ပြီး သော်လည်း ဂျီဟတ်စစ်သွေးကြွများက ဆစ်ကင်းစတိတ်အား ဆက်လက် ဖမ်းဆီးထားဆဲ   ဖြစ်ကြောင်း ပြောခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required