အာဆင်နယ်နှင့် ပွဲထွက်ကစားရန် မစောင့်နိုင်တော့ကြောင်း မူစတာဖီနှင့် ပီရက်ဇ်တို့ ပြောကြား

အာဆင်နယ်နှင့် ပွဲထွက်ကစားရန် မစောင့်နိုင်တော့ကြောင်း မူစတာဖီနှင့် ပီရက်ဇ်တို့ ပြောကြား

သြဂုတ် ၃၁၊ အင်္ဂလန် ။                       ။ အာဆင်နယ်၏ ကစားသမားသစ်များဖြစ်သော တိုက်စစ်မှူး လူးကပ်စ်ပီရက်ဇ်နှင့် နောက်ခံလူ မူစတာဖီတို့က အာဆင်နယ်အသင်းနှင့်အတူပွဲထွက်ကစားရန် မစောင့်နိုင်တော့ကြောင်း ပြောဆိုလိုက်သည်။

အာဆင်နယ်အသင်းသည် အပြောင်းအရွှေ့ဈေးကွက်မပိတ်သိမ်းမီ တစ်ရက်အလိုတွင် ဒီပို့တီဗိုတိုက်စစ်မှူး ပီရက်ဇ်နှင့် ဗလင်စီယာနောက်ခံလူ မူစတာဖီတို့ကို ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ အာဆင်နယ်အသင်းသည် ပီရက်ဇ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၇ သန်းပေးချေခဲ့ရပြီး မူစတာဖီအတွက် ပေါင် ၃၅ သန်း ပေးချေခဲ့ရသည်။

အာဆင်နယ်နှင့်စာချုပ်ချုပ်ဆိုပြီးနောက်တွင် ပီရက်ဇ်က ‘အာဆင်နယ်အသင်းလို သမိုင်းကြီးကြီးမားတဲ့ အသင်းနဲ့အတူ ပရီးမီးယားလိဂ်နဲ့ချန်ပီယံလိဂ်ပြိုင်ပွဲတွေ ကစားရမှာက ကျွန်တော့်ကစားသမား ဘဝအတွက်  ကြီးမားတဲ့ တိုးတက်ပြောင်းလဲမှုပါပဲ။ ဒီအသင်းကို ရောက်လာရတာ တကယ်ဂုဏ်ယူပါတယ်။

ကျွန်တော်တကယ် စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော်ဘာလုပ်နိုင်တယ်ဆိုတာကိုလည်း ပြသချင်ပါတယ်။ အာဆင်နယ်အသင်းမှာ တကယ့်ကစားသမားကောင်းတွေရှိနေပြီး ကစားပုံကလည်း     ကောင်းပါတယ်။  အာဆင်နယ်ပရိသတ်တွေကို အရင်ဆုံး Hello လို့ နှုတ်ဆက်ချင်ပါတယ်။ ကျွန်တော်တို့ကို အားပေးကြပါ။ ဒီရာသီက အားလုံးအတွက်ခမ်းနားတဲ့ရာသီဖြစ်ပါလိ့မ်မယ်။ ကျွန်တော်ပြောရဲပါတယ်။ အာဆင်နယ်အသင်းက ပရိသတ်တွေကို အောင်ပွဲခံခွင့်ပေးပါလိ့မ်မယ်’ ဟု ပြောဆိုခဲ့သည်။

မူစတာဖီကလည်း ‘နောက်ဆုံးအာဆင်နယ်ကို ပြောင်းခွင့်ရပါပြီ။ ကစားသမားဘဝနောက်တစ်ဆင့်ကိုတက်နိုင်လို့ ပျော်ပါတယ်။ အာဆင်နယ်က ထိပ်တန်းအသင်းကြီးဖြစ်ပြီး ထိပ်တန်းကစားသမားတွေ ရှိသလို အကောင်းဆုံးနည်းပြလည်းရှိနေပါတယ်။ ကစားသမားဘဝကိုနောက်တစ်ဆင့်တက်လှမ်းမယ်ဆိုတဲ့အတွေးနဲ့ ဒီကို လာဖို့စဉ်းစားခဲ့တာပါ။ အာဆင်နယ်က ကျွန်တော့်ကို ထိပ်တန်းကစား           သမားဖြစ်လာအောင် ကူညီနိုင်မယ်လို့ ထင်ပါတယ်။ ဒါက ကျွန်တော့်အတွက် အရေးကြီးပါတယ်။ အာဆင်နယ်လိုအသင်းကြီးနဲ့အတူ ပွဲထွက်ဖို့ မစောင့်နိုင်တော့ပါဘူး’ ဟု ပြောဆိုခဲ့သည်။

ရည်ညွှန်း အာဆင်နယ်ဒေ့ါကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required