ပုဂံငလျင်ကြောင့် ခရီးသွားလုပ်ငန်းထိခိုက်မှုမရှိ

ပုဂံငလျင်ကြောင့် ခရီးသွားလုပ်ငန်းထိခိုက်မှုမရှိ
ဓာတ်ပုံ-လှိုင်မျိုး

ရန်ကုန်၊ သြဂုတ် ၃၀ ။                   ။ သြဂုတ်လ ၂၄ က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် ယဉ်ကျေးမှုနယ်မြေအတွင်း ခရီးသွားလုပ်ငန်းများ ထိခိုက်မှုမရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်တွင်း/ပြင်ပဆက်ဆံရေးနှင့် သတင်းပြန်ကြား ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက မဇ္ဈိမကို ပြောသည်။

“ ဖျက်သွားတဲ့ ခရီးစဉ်မရှိသလို ရောက်နေတဲ့ ခရီးသည်တွေပေါ့နော် ဒီမှာလေ့လာနေပြီး ပြန်ထွက်သွားတာမျိုးမရှိသလို ရောင်းထားပြီးတဲ့ ခရီးစဉ်တွေကလည်း လာကြမှာပဲဖြစ်ပါတယ် “ လို့ ဦးမြင့်ထွေးက ပြောသည်။

ပုဂံဒေသတွင် စေတီအဆူပေါင်း ၃၀၀၀ ကျော်ရှိပြီး ငလျင်ဒဏ်ကြောင့် စေတီအဆူ ၄၀၀ (၁၀ %ကျော်) နီးပါးထိခိုက် ခဲ့ ခြင်း ဖြစ်သည်။

လုံခြုံရေးကြောင့် စေတီ ၃၃ ဆူကို ဝင်ရောက်ကြည့်ရှုခွင့် ပိတ်ထားရာမှ သြဂုတ်လ ၃၀ ရက်နေ့တွင် သန့်ရှင်းရေးလုပ်ရန် အတွက် စေတီ ၄၄ ဆူနှင့် ခေတ္တပိတ်ထားခဲ့သည့်အတွက် စုစုပေါင်း စေတီ ၇၇ ဆူကို ဝင်ရောက်ခွင့် ပိတ်ထားကြောင်း သိရသည်။

ပျက်စီးသွားသည့် စေတီ ၄၀၀ နီးပါးကို သန့်ရှင်းရေး ပြန်လည်ဆောင်ရွက်မည်ဖြစ်ပြီး ယနေ့ပိတ်ထားသည့် စေတီ ၄၄ ဆူကို သန့်ရှင်းရေးပြုလုပ်၍ ပြီးစီးပါက ပြန်လည်ဝင်ရောက်ခွင့်ပြုမည်ဟု ရှေးဟောင်းသုတေ သနနှင့်အမျိုးသား ပြတိုက် ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ပြောသည်။

လုံခြုံရေးအရ ယာယီ တားမြစ်ထားသည့် စေတီ ၃၃ဆူ ရှိသော်လည်း ကျန်ရှိနေသည့် စေတီ ၃၀၀,၀ နီးပါးတွင် လည် ပတ်နိုင် သောကြောင့် ကြည့်ရှှု့နိုင်သည့် အခြေနေလျော့ပါးသွားခြင်းမရှိဘဲ ခရီးသွားလုပ်ငန်းကို ထိခိုက်မှုမရှိနိုင် ကြောင်း လည်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်တွင်း/ပြင်ပဆက်ဆံရေးနှင့် သတင်းပြန်ကြား ရေးဌာနခွဲမှ ညွှန် ကြားရေးမှူး ဦးမြင့်ထွေးက ဆိုသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန စာရင်းများအရ ၂၀၁၅ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသည် ၄ ဒသမ ၆၈သန်း မြန် မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသည် ၅ ဒသမ ၅ သန်း လာရောက်လည် ပတ် မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required