အကျင့်ပျက်ဝန်းထမ်းများကြောင့် တရားမဝင်ကုန်သွယ်မှုများဖြစ်နေဟု စီးပွားကူးသန်းဝန်ကြီးပြော

အကျင့်ပျက်ဝန်းထမ်းများကြောင့် တရားမဝင်ကုန်သွယ်မှုများဖြစ်နေဟု စီးပွားကူးသန်းဝန်ကြီးပြော

နေပြည်တော်၊ သြဂုတ် ၁၇ ။            ။ တရားမဝင် ကုန်သွယ်မှုများဖြစ်ပေါ်နေခြင်းမှာ တရားဝင်တင်သွင်းသော ကုန်စည်များ နှင့် ဈေးကွက်တွင် မမှန်မကန် ယှဉ်ပြိုင်လိုခြင်း မသမာသည့် ကုန်သယ် နှင့် အကျင့်ပျက်ဝန်ထမ်းများကြောင့် ဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောသည်။

“ဌာနများ၏ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများ ကန့်သက်ချဉ်များကို ရှောင်လွှဲလိုခြင်း ၊ မသာမာသည့် ကုန် သည် နှင့် အကျင့်ပျက် ဝန်ထမ်းများကြောင့် မှောင်ခိုဖြစ်ပေါ်ရခြင်း အချို့ဒေသများတွင် နယ်မြေအေးချမ်းမှုမရှိခြင်းတို့ ကြောင့် ဖြစ်ကြောင်း လေ့လာသုံးသပ်တွေ့ရှိရပါတယ် ” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့တွင် မန္တလေး တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၂ မှ ဦးထွန်းထွန်းဦး မေးမြန်းသည့် Mobile Team ဖျက်သိမ်းပြီးနောက် တရားမဝင်ကုန်သွယ်မှုများ ပိုမိုတင်သွင်းလားခြင်းကို တားဆီး ထိန်းချုပ် အရေးယူရန် အစီအစဉ် ရှိ မရှိ မေးမြန်းခြင်းအပေါ် ပြည်ထောင်စုဝန်ကြီး ကပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 တရားမဝင် ကုန်သွယ်မှုများဖြစ်ပေါ်နေခြင်းမှာ ကုန်သွယ်ရေးစခန်းများကို ရှောင်ကွင်း၍ တရားဝင်တင်သွင်းခွင့်မပြုသော ကုန်ပစ္စည်းများကို တရားမဝင် တင်သွင်းနေခြင်း ၊ နိုင်ငံတော်သို့ ပေးသွင်းနေသည့် ကျသင့်အခွန်ငွေများကို မပေး ဆောင်လိုဘဲ အခွန်တိမ်းရှောင်ခြင်း ၊ တရားဝင်တင်သွင်းသော ကုန်ပစ္စည်းများ နှင့် မမှန်မကန် ယှဉ်ပြိုင်လိုခြင်း တို့ ကြောင့် တရားမဝင် ကုန်သွယ်မှုများဖြစ်ပေါ်နေရခြင်းဖြစ်သည်ဟု ဝန်ကြီးက ဆိုသည်။

တရားမဝင် ကုန်သွယ်မှုများကို ထိန်းချုပ်သည့်အနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှစတင်၍ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် (ဒီဇင်ဘာလ) အထိ Mobile Team အဖွဲ့မှ အကောက်ခွန်အမှုတွဲပေါင်း (၈၅၂၉) မှု ၊ ကျပ်သန်းပေါင်း (၅၂၉၃၆) (ခန့် မှန်းတန်ဖိုး ) သိမ်းဆည်းအရေးယူခဲ့ကြောင်း ဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

Mobile Team အဖွဲ့ဖျက်သိမ်းပြီးနောက် တရားမဝင် ကုန်သွယ်မှုများကို ရေရှည်တွင် ထိန်းချုပ်ရန် အကောက်ခွန် ကုန် သေတ္တာ ထိန်းချုပ်ရေး စနစ်ကျင့်သုံး၍ အလုံပိတ် ကုန်သေတ္တာတင်ယာဉ်များ အသုံးပြု သယ်ဆောင်ခြင်းစနစ် အကောင် အထည်ဖော်မည်ဟုလည်း ဆိုသည် ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required