Dream Outstanding award ဆု ရရှိခဲ့တဲ့ ဆောင်ဆောင်းဟွန်း (ဂျွန်စော)

Dream Outstanding award ဆု ရရှိခဲ့တဲ့ ဆောင်ဆောင်းဟွန်း (ဂျွန်စော)

ဆိုးလ်၊ သြဂုတ် ၂ ။             ။ တောင်ကိုရီးယား မင်းသား ဆောင်ဆာင်းဟွန်း(ဂျွန်စော)သည် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ကျင်းပပြုလုပ်သော Fashion for Dream 2016 ဆုပေးပွဲတွင် Dream Outstanding award ဆုကို ရရှိခဲ့သည်။အဆိုပါ ဆုပေးပွဲအခမ်းအနားကို  Cosmopolitan Chinaက ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။

 ဆုပေးပွဲကို Cecilia Cheung Pak- Chi နှင့်  Tiffany Tang ကဲ့သို့သော နာမည်ကြီး တရုတ်အနုပညာရှင်များလည်း တတ်ရောက်ခဲ့ကြသည်။

ဆောင်သည်  အောက်တိုဘာလတွင်  SBS  ရုပ်သံမှ ထုတ်လွှင့်ပြသမည့်  “ Saimdang , the Herstory” ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်သည်။အဆိုပါ ဇာတ်ကားတွင် ဆောင်သည် ၁၆ ရာစုနှစ် ပြည်သူ့အရာရှိ လီဂျီအမ် အဖြစ်ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်သည်။

ဆောင်သည် ဆမ်ဒေါင် အမည်ရှိ မိန်းကလေးအပေါ် ချစ်ကျွမ်းဝင်ခဲ့သူအဖြစ်လည်း သရုပ်ဆောင်သွားမည်ဖြစ်ပြီး ဆမ်ဒေါင်အဖြစ် မင်းသမီး လီယောင်အေးက သရုပ်ဆောင်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required