Jason Bourne ဇာတ်ကား အမေရိကန် ရုံတင်ပြသငွေဇယားတွင် ထိပ်ဆုံးမှရပ်တည်

Jason Bourne ဇာတ်ကား အမေရိကန် ရုံတင်ပြသငွေဇယားတွင် ထိပ်ဆုံးမှရပ်တည်

နယူးယော့ခ်၊ သြဂုတ် ၂ ။                 ။  မကြာသေးမီက ထုတ်လွှင်ပြသခဲ့သော Jason Bourne  နောက်ဆက်တွဲရုပ်ရှင်ကား အပိုင်း ၅သည် အဖွင့်ပြသစဉ် အမေရိကန်ဒေါ်လာ သန်း၆၀ ( စတာလင်ပေါင် ၄၅ဒသမ၃သန်း) ရရှိခဲ့ပြီးနောက် အမေရိကန် ရုံတင်ပြသငွေဇယားတွင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။

ပြီးခဲ့သည့် သီတင်းပတ်က နံပါတ်တစ်နေရာတွင် ရပ်တည်ခဲ့သော “ Star Trek Beyond” ရုပ်ရှင်ကားသည် သီတင်းပတ်ကုန်က အမေရိကန်ဒေါ်လာ ၂၄သန်း ( စတာလင်ပေါင် ၁၈ဒသမ၁သန်း) ရရှိခဲ့ပြီး နံပါတ်နှစ်နေရာတွင် ရပ်တည်နေသည်။

မီလာကူနစ် နှင့် ခရစ္စတင်ဘဲလ်တို့ ပါဝင်သရုပ်ဆောင်ထားသော ဟာသဇာတ်ကား “ Bad Moms” သည် အမေရိကန်ဒေါ်လာ ၂၃ဒသမ၄သန်း ( စတာလင်ပေါင် ၁၇ဒသမ၇သန်း) ရရှိခဲ့ပြီး နံပါတ် ၃ နေရာတွင် ရပ်တည်လျက်ရှိသည်။

အန်နီမေးရှင်း ကာတွန်းကား “ The Secret Life of Pets” သည် အမေရိကန်ဒေါ်လာ ၁၈ဒသမ၂သန်း ( စတာလင်ပေါင် ၁၃ဒသမ၈သန်း) ရရှိခဲ့ပြီး နံပါတ် ၄နေရာတွင် ရပ်တည်နေသည်။ ထိတ်လန့်ကြောက်ရွံ့ဖွယ် ရုပ်ရှင် “ Lights Out” သည် အမေရိကန်ဒေါ်လာ ၁၀ဒသမ ၈သန်း ( စတာလင်ပေါင် ၈ဒသမ၁သန်း) ဖြင့် နံပါတ် ၅နေရာတွင် ရပ်တည်လျက်ရှိသည်။

 ၂၀၀၇ ခုနှစ်က  Bourne ဇာတ်လမ်းတွဲ၏ တတိယမြောက်ရုပ်ရှင်ကား “ The Bourne Ultimatum” တွင် မက်ဒါမွန် ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း Jason Bourne နောက်ဆက်တွဲရုပ်ရှင်ကား အပိုင်း ၅သည်  မက်ဒါမွန်၏ ပထမဆုံးအကြိမ် ပါဝင်သရုပ်ဆောင်မှုဖြစ်သည်။

ဒါမွန်သည် မကြာမီထုတ်လွှင့်ပြသမည့် “ The Great Wall” ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်ပြီး ယင်းရုပ်ရှင်သည် ရုပ်ရှင်သမိုင်းတွင် ဈေးအကြီးဆုံးတရုတ်ရုပ်ရှင်ကားဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required