စင်ကာပူတွင် မြန်မာအိမ်အကူအား သတ်မှုဖြင့် အိမ်ရှင်သားအမိကို တရားရုံးတင် စစ်ဆေး

စင်ကာပူတွင် မြန်မာအိမ်အကူအား သတ်မှုဖြင့် အိမ်ရှင်သားအမိကို တရားရုံးတင် စစ်ဆေး

စင်ကာပူနိုင်ငံ ဘီရှန်းမြို့တွင် ယခုသီတင်းပတ်အစောပိုင်းက မြန်မာအိမ်အကူအား သတ်မှုဖြင့် အိမ်ရှင်အမျိုးသမီးနှင့် မိခင်ဖြစ်သူတို့ကို ဇူလိုင် ၂၈ ရက်တွင် ရုံးတင်စစ်ဆေးခဲ့သည်။

အိမ်ရှင်သားအမိဖြစ်သည့် အိမ်ထောင်ရှင်များဖြစ်ကြသော အသက် ၃၆ နှစ်ရှိ သမီးဖြစ်သူ ဂျယာသီရိမူရူဂါယန်နှင့် မိခင်ဖြစ်သူ အသက် ၅၈ နှစ်ရှိ ပရမ်မာနာရေနာဆာမီတို့က ထိုလူသတ်မှုအတွက် ထုချေလွှာလျှောက်ထားခြင်း မရှိပေ။

ဇူလိုင် ၂၅ ရက်နှင့် ၂၆ ရက်ကြားက ဘစ်ရှန်းလမ်းအမှတ် ၁၁၊ ဘလောက် ၁၄၅ ရှိ ကိုးလွှာတိုက်ခန်းအတွင်း အသက် ၂၄နှစ်ရှိ မြန်မာအိမ်အကူ ပီအန်ငိုက်ဒွန် သေဆုံးမှုအတွက် လူသတ်မှုဖြင့် စွဲချက်တင် ရုံးတင်စစ်ဆေးခြင်းဖြစ်သည်။

သားအမိနှစ်ဦးစလုံးအား ဇူလိုင် ၂၇ ရက်က ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ စုံစမ်းစစ်ဆေးမှုအတွက် ရမန်ချုပ်ရက်ဖြင့် ထားရှိခြင်းဖြစ်သည်။

အစိုးရရှေ့နေ မိုဟာမတ်ဖီဇယ်က လက်တလော၌ ၎င်းတရားခံနှစ်ဦးအတွက် ထုချေလွှာလျှောက်လဲချက်တင်ရန် အသင့်မဖြစ်သေးကြောင်း ပြောသည်။

တရားခံနှစ်ဦးစလုံးအား ၎င်းတို့ဘာသာ တမီလ်ဘာသာစကားဖြင့် စွဲဆိုချက်အား အသီးသီးဖတ်ကြားပြခဲ့သော်လည်း နှစ်ဦးစလုံးက စိတ်လှုပ်ရှားမှု မပြသပေ။

အပြစ်ရှိကြောင်း စီရင်ခြင်းခံရပါက ၎င်းတို့နှစ်ဦးအတွက် သေဒဏ်ချမှတ်ခံရမည်ဖြစ်သည်။

ဇူလိုင် ၂၆ ရက် နံနက် ၁၁ နာရီ ၀၃ မိနစ်တွင် အခင်းဖြစ်ရာအရပ်မှ အကူအညီဖုန်းခေါ်ဆိုမှုကို ရဲစခန်းက လက်ခံရရှိကြောင်း တရားရုံးထုတ်ပြန်ချက်အရ သိရသည်။

ရဲများ ရောက်ရှိချိန်တွင် လှုပ်ရှားခြင်းမရှိတော့သည့် မြန်မာအိမ်အကူကို တွေ့ရပြီး သေဆုံးနေပြီဖြစ်ကြောင်း အတည်ပြုနိုင်ခြင်းဖြစ်သည်။ အခင်းဖြစ်ရပ်ဖြစ်စဉ်အပေါ် ပုံမှန်မဟုတ်သည့် သေဆုံးမှုအဖြစ် ရဲစခန်းက အမှုတွဲတင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required