ဆောင်ဆောင်းဟွန်း(ဂျွန်စော) နှင့် လုယီဖေးတို့နှစ်ဦး လမ်းခွဲလိုက်ပြီဟူသော ကောလဟာလသတင်းများ ထပ်မံထွက်ပေါ်

ဆောင်ဆောင်းဟွန်း(ဂျွန်စော) နှင့် လုယီဖေးတို့နှစ်ဦး လမ်းခွဲလိုက်ပြီဟူသော ကောလဟာလသတင်းများ ထပ်မံထွက်ပေါ်

ဆိုးလ် ၊ ဇူလိုင် ၂၇ ။           ။ တောင်ကိုရီးယား မင်းသား ဆောင်ဆောင်းဟွန်း ( ဂျွန်စော) နှင့် တရုတ်မင်းသမီး လုယီဖေးတို့နှစ်ဦး လမ်းခွဲလိုက်ပြီဟူသော ကောလဟာလသတင်းများမှာ မဟုတ်ကြောင်း   Better  အင်တာတိန်းမန့်က ပြောကြားခဲ့သည်။

“ ဆောင်ဆောင်းဟွန်းနဲ့ လုယီဖေးတို့နှစ်ဦး လမ်းခွဲလိုက်ပြီဆိုတာ မဟုတ်ပါဘူး။ သူတို့နှစ်ဦး တွဲနေကြတုန်းပါပဲ။ တရုတ်အွန်လိုင်းပေါ်မှာ သူတို့နှစ်ဦး လမ်းခွဲလိုက်ပြီဆိုတဲ့ သတင်းတွေဟာ အဆက်မပြတ် တတ်နေပါတယ်။ ဒီကောလဟာလသတင်းတွေဟာ မကြာခဏဆိုသလို ထွက်ပေါ်နေတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ အနေနဲ့ ထင်မြင်ချက်တွေ ပေးသွားမှာ မဟုတ်ပါဘူး”ဟု ဇူလိုင် ၂၇ရက်တွင် ဆောင်ဆောင်းဟွန်း၏အေဂျင်စီက တုံ့ပြန် ပြောကြားခဲ့သည်။

အင်တာနက် အသုံးပြုသူအများအပြားက ဆောင်ဆောင်းဟွန်း နှင့် လုယီဖေးတို့နှစ်ဦးသည် အနေဝေးနေခြင်းကြောင့် လမ်းခွဲလိုက်ပြီဟု ထင်ကြေးပေးပြောကြားလျက်ရှိသည်။ ကောလဟာလသတင်းများ ထွက်ပေါ်လျက်ရှိသေ်ာငြားလည်း ဆောင်ဆောင်းဟွန်း နှင့် လုယီဖေးတို့သည် ၂၀၁၅ ခုနှစ် သြဂုတ်လမှစ၍ ယနေ့ အချိန်ထိ နှစ်ယောက်တွဲလျက်ရှိသည်။

ဆောင်ဆောင်းဟွန်း နှင့် လုယီဖေးတို့သည်  ၂၀၁၅ ခုနှစ်က တရုတ်ရုပ်ရှင်ကား“ The Third Way of Love” တွင် ပါဝင်သရုပ်ဆောင်ခဲ့ရာမှ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required