၀င်ဘယ်လ်ဒန် တင်းနစ်ပွဲကြည့်စင်မြင့်ထက်မှာ စိတ်လွတ်ကိုယ်လွတ် ဖြစ်နေတာကို တွေ့ရတဲ့ စူပါမော်ဒယ်လ် Heidi Klum တို့ စုံတွဲ

၀င်ဘယ်လ်ဒန် တင်းနစ်ပွဲကြည့်စင်မြင့်ထက်မှာ စိတ်လွတ်ကိုယ်လွတ် ဖြစ်နေတာကို တွေ့ရတဲ့ စူပါမော်ဒယ်လ် Heidi Klum တို့ စုံတွဲ

ဇူလိုင် ၉ ။              ။ အသက် ၄၃ နှစ်ရှိပြီဖြစ်သည့် ဂျာမန် စူပါမော်ဒယ် Heidi Klum နှင့် သူမထက် ၁၄ နှစ်ငယ်သော အသက် ၂၉ ရှိ ရည်စား Vito Schnabel တို့သည် ဇူလိုင်လ ၈ ရက်က ကျင်းပခဲ့သည့် ဝင်ဘယ်လ်ဒန် အမျိုးသားတင်းနစ် ဆီမီးဖိုင်နယ်ပွဲကို လာရောက်ကြည့်ရှုခဲ့ရာတွင် ကစားပွဲဆီ စိတ်မရောက်ဘဲ ပွဲကြည့်စင်ပေါ်တွင် နှစ်ဦးတည်းရှိသကဲ့သို့ ပြုမှုနေသည်ကို တွေ့ရသည်။

လူအများ စိတ်ဝင်တစားဖြင့် တင်းနင်းပွဲ ကြည့်နေချိန်တွင် အဆိုပါ စုံတွဲ၏ မျက်လုံးများက ကွင်းတွင်းသို့ ရောက်သည်က ခပ်ရှားရှားဖြစ်ကာ ဘေးလူများကိုပင် ရှိသည်ဟုပင် မအောင့်မေ့တော့ဘဲ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အနမ်းပေးနေကြသည်ကို တွေ့ခဲ့ရသည်။

ဂျာမန် မော်ဒယ်မှာ ယင်းအချိန်က အလွန်အမင်းသာယာနေပုံရခဲ့ပြီး မိမိထက်အသက်များစွာ ငယ်လှသည့် ရည်စားဖြစ်သူနှင့် အတူရှိနေရခြင်းကို နှစ်သက်နေပုံရခဲ့သည်။

နာမည်ကျော် ဂျာမန်စူပါမော်ဒယ်ဖြစ်သည့် Heidi Klum မှာ မော်ဒယ်၊ တီဗီအစီအစဉ်ကြေညာသူ၊ စီးပွားရေးလုပ်ငန်းရှင်၊ ဖက်ရှင်ဒီဇိုင်နာ၊ ရုပ်သံထုတ်လုပ်သူ နှင့် သရုပ်ဆောင်မင်းသမီး စသည့် အလုပ်မျိုးစုံကို လုပ်ကိုင်ကာ အောင်မြင်မှုများ ရရှိနေသူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required