ဗီယက်နမ်ပြည်သူများ အွန်လိုင်းတွင် အချိန်ပိုကုန်လာ

ဗီယက်နမ်ပြည်သူများ အွန်လိုင်းတွင် အချိန်ပိုကုန်လာ

ဟနွိုင်း၊ ဇွန် ၂၉ ။                ။ ဗီယက်နမ်ပြည်သူများသည် သီတင်းတစ်ပတ်လျှင် ပျမ်းမျှအွန်လိုင်းပေါ်တွင် အချိန်ကုန်ခြင်းက ၂၄ နာရီ ၇ မိနစ်ရှိနေရာ ၂၀၁၄ ခုနှစ်က ပျှမ်းမျှ ၉ နာရီနီးပါးရှိခဲ့သည်ထက် တိုးလာခဲ့ကြောင်း Nielsen က မကြာသေးမီက ထုတ်ပြန်ချက်အရသိရသည်။

ဗီယက်နမ်ပြည်သူများ၏ ဒီဂျစ်တယ်မီဒီယာ အသုံးပြုနှင့် ပတ်သက်ပြီး Nielsen က ၂၀၁၅ ခုနှစ်အတွက် အစီရင်ခံစာထုတ်ပြန်ခြင်းဖြစ်သည်။

ယင်းအစီရင်ခံစာက အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယ၊ ထိုင်ဝမ်နှင့် ဟောင်ကောင် ဒေသကိုးနေရာအတွက် တိုင်းတာခဲ့ခြင်းဖြစ်သည်။

အစီရင်ခံစာအရ ဗီယက်နမ်ပြည်သူ အွန်လိုင်းအသုံးပြုသူ ဆယ်ဦးတွင် ကိုးဦး၊ ရာခိုင်နှုန်းအားဖြင့် ၉၁ ရာခိုင်နှုန်းက ကိုယ်ပိုင်စမတ်ဖုန်းဖြင့် အသုံးပြုကြောင်း တွေ့ရှိ၍ ၂၀၁၄ က ၈၂ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်နိုင်သည်။

အာရှက အွန်လိုင်းအသုံးပြုမှုများတွင် စင်ကာပူက အများဆုံးဖြစ်ပြီး သီတင်းတစ်ပတ်ကို ပျမ်းမျှခြေအားဖြင့် ၂၅ နာရီ ၉ မိနစ် အွန်လိုင်းတွင် အချိန် ကုန်ကျသည်။

ဗီယက်နမ်ပြည်သူ ၂၁ မှ ၂၉ ကြားအရွယ်များက အင်တာနက်တွင် ပို၍ အချိန်ကုန်ကျပြီး အခြားအသက်အရွယ်များထက် အွန်လိုင်းသုံးစွဲမှု ပိုမိုကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required