လာကာဇက်တီကိုခေါ်ရန် လိုင်ယွန်အသင်းနှင့် အာစင်ဝင်းဂါးဆွေးနွေးမည်

လာကာဇက်တီကိုခေါ်ရန် လိုင်ယွန်အသင်းနှင့် အာစင်ဝင်းဂါးဆွေးနွေးမည်

ဇွန် ၂၆၊ လန်ဒန်။           ။ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် လာကာဇက်တီကိုခေါ်ယူရန်အတွက် လိုင်ယွန်အသင်းနှင့် ဆွေးနွေးမည်ဖြစ်ကြောင်း မယ်ရာသတင်းစာက ဖော်ပြသည်။

အသက် ၂၅ နှစ်အရွယ်တိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေးမှာ ပေါင် ၄၅ သန်းသတ်မှတ်ခံထားရပြီး ဂန်းနား(အာဆင်နယ်) အသင်းအနေဖြင့် အက်သလက်တီကို၊ ဝက်စ်ဟမ်းတို့နှင့် အပြိုင်ကြိုးပမ်းရမည်ဖြစ်သည်။

ဝင်းဂါးသည် လာကာဇက်တီ၏ အေးဂျင့်နှင့်လည်း ပြင်သစ်တွင်တွေ့ဆုံရန် စီစဉ်ထားသည်။ ဝက်စ်ဟမ်းအသင်းသည် ပြင်သစ် လက်ရွေးစင်အတွက် ပေါင် ၄၂ သန်းဖြင့် ကမ်းလှမ်းခဲ့သော်လည်း လိုင်ယွန်အသင်းက ပယ်ချခဲ့သည်။

လာကာဇက်တီသည် ပြီးခဲ့သည့်ရာသီက လိုင်ယွန်အသင်းအတွက် ၄၃ ပွဲကစားပြီး ၂၃ ဂိုးသွင်းယူခဲ့သည်။ အသင်းနှင့်စာချုပ် သက်တမ်း သုံးနှစ်ကျန်သေးသည့် လာကာဇက်တီအတွက် သတ်မှတ်ထားသော အခြေခံပြောင်းရွှေ့ကြေးမရလျှင် လိုင်ယွန် အသင်းက စဉ်းစားဖွယ်မရှိသည့် အနေအထားဖြစ်သည်။

လိုင်ယွန်သည် နောက်ခံလူ အမ်တီတီကို ဘာစီလိုနာအသင်းထံ ပေါင် ၂၁ ဒသမ ၅ သန်းဖြင့်ရောင်းချရန် သဘောတူထားသဖြင့် ငွေကြေးလိုအပ်ချက် ရှိမနေသည့် အသင်းလည်းဖြစ်သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required