ရေပူဆရာတော် လွတ်မြောက်ရေး ဆန္ဒပြချိန်တွင် အာဏာပိုင်များက ဆရာတော် အပြစ်ရှိဟု သတင်းစာ ရှင်းလင်း

ရေပူဆရာတော် လွတ်မြောက်ရေး ဆန္ဒပြချိန်တွင် အာဏာပိုင်များက ဆရာတော် အပြစ်ရှိဟု သတင်းစာ ရှင်းလင်း
မိုးကုတ်မြို့ ရေပူကျောင်းဆရာတော် ကိစ္စနှင့်ပတ်သတ်ပြီး ဆန္ဒပြမှုများ ပြုလုပ်နေစဉ်မှာပဲ မိုးကုတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး မှူးနှင့် တာဝန်ရှိသူများမှ မိုးကုတ်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။ ဓာတ်ပုံ ဘိုဘို (မဇ္စျိမ )

မိုးကုတ်၊ ဇူလိုင် ၆ ။       ။ မိုးကုတ်မြို့ ရေပူကျောင်းဆရာတော် ကိစ္စနှင့်ပတ်သက်ပြီး ဆန္ဒပြမှုများပြုလုပ်နေစဉ် မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက မိုးကုတ်မြို့ ထွေအုပ်ရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ရေပူကျောင်း ဆရာတော်၏ ကျောင်းကို ဝင်ရောက် စစ်ဆေးရာမှ သစ်မာ ၁၄ တန်ကျော် တွေ့ရှိဟု မိုးကုတ် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဥက္ကာက မီဒီယာများကို ပြောသည်။

"သွားရောက်စစ်ဆေးတဲ့အခါ ဒေသအခေါ် ဇလုပ် ၂ ထပ်ကို ၈၃ ပေခန့်ရှိ မြောင်းမှာ ခံထားတယ်၊ နောက်တစ်ပိုင်းက ဒေသ အခေါ် Square တုံး ခေါ် သစ်မာ ၁၄ တန်ကျော် ကိုတွေ့ရှိတယ်"ဟု ၎င်းက ပြောသည်။

သတင်းစာရှင်းလင်းပွဲတွင် မိုးကုတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဥက္ကာ၊ မိုးကုတ်မြို့ ကျောက်မျက် တူးဖော်ရေးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးမောင်မောင်ရှိန်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးခင်မောင်တင့်၊ သစ်တောဦးစီးမှူး ဦးအောင်လွင်တို့က ရှင်းလင်း ခဲ့ခြင်းဖြစ်သည်။

မိုးကုတ်မြို့ ရေပူကျောင်းဆရာတော်ကို  မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းဥပဒေအပါအဝင် ပုဒ်မ ၃ ခုဖြင့် ဇွန် ၉ ရက်က လူဝတ် လဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဆရာတော်ကို အမြန်ဆုံးလွှတ်ပေးရန် ဇူလိုင် ၆ ရက် နံနက်က မိုးကုတ်မြို့တွင် ဒေသခံ ထောင်နှင့်ချီ၍ လမ်းလျှောက် ဆန္ဒပြခဲ့သည်။

ရေပူကျောင်းဆရာတော် အရှင်ဣန္ဒကကို ဇူလိုင် ၇ ရက်တွင် ပြင်ဦးလွင်ခရိုင် တရားရုံးတွင် ရုံးထုတ် စစ်ဆေးမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly