နာပိုလီတိုက်စစ်မှူး ဟီဂူအင်ကို ခေါ်ယူရန် လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ် ကြိုးပမ်းနေ

နာပိုလီတိုက်စစ်မှူး ဟီဂူအင်ကို ခေါ်ယူရန် လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ် ကြိုးပမ်းနေ

ဇွန် ၇၊ အမေရိကန် ။          ။ လီဗာပူးလ်အသင်းနည်းပြ ဂျာဂင်ကလော့ပ်သည် အသင်း၏တိုက်စစ်အင်အားကို ဖြည့်တင်းရန်အတွက် နာပိုလီတိုက်စစ်မှူး ဟီဂူအင်ကို ခေါ်ယူရန် ကြိုးပမ်းလျက်ရှိသည်။

ဂျာဂင်ကလော့ပ်သည် အာဂျင်တီးနားအသင်းက ချီလီအသင်းကို အနိုင်ရသည့် ကိုပါအမေရိကပွဲစဉ်ကို သွားရောက်ကြည့်ရှုခဲ့ပြီး ထိုပွဲစဉ်တွင် ဟီဂူအင်၏ အကိုလည်းဖြစ်၊ အေးဂျင့်လည်းဖြစ်သည့် နီကိုလပ်စ်ဟီဂူအင်နှင့်အတူ ပွဲကြည့်ခဲ့သည့်ဓာတ်ပုံများ ပေါ်ထွက်လာခဲ့သည်။

ထို့ကြောင့် လီဗာပူးလ်အသင်းက ဟီဂူအင်ကို ခေါ်ယူနိုင်တော့မည်ဆိုသည့် သတင်းများ ထွက်ပေါ်လာခဲ့သည်။ ဟီဂူအင်သည် ပြီးခဲ့သည့်ရာသီက နာပိုလီတွင် ၄၂ ပွဲ ကစားပြီး ၃၈ ဂိုးအထိ သွင်းယူနိုင်ခဲ့သူ ဖြစ်သည်။ ၎င်းကို လီဗာပူးလ်အသင်းအပြင် အာဆင်နယ်နှင့် ချယ်လ်ဆီးအသင်းတို့ကလည်း ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိနေကြသည်။

ဟီဂူအင်သည် ကိုပါအမေရိကပွဲစဉ်တွင် အာဂျင်တီးနားအသင်းအတွက် ပွဲထွက်ခွင့်ရခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပေ။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required