ဂျော်ဒန်တွင် အစိုးရထောက်လှမ်းရေးရုံး အကြမ်းဖက်တိုက်ခိုက်ခံရပြီး အရာရှိ ငါးဦးသေဆုံး

ဂျော်ဒန်တွင် အစိုးရထောက်လှမ်းရေးရုံး အကြမ်းဖက်တိုက်ခိုက်ခံရပြီး အရာရှိ ငါးဦးသေဆုံး

ဂျော်ဒန်နိုင်ငံ မြို့တော် Amman ၏ မြောက်ပိုင်း ပါလက်စတိုင်း ဒုက္ခသည်များထားရာ စခန်း၌ ဖွင့်လှစ်တည်ထောင်သော အစိုးရထောက်လှမ်းရေးရုံးကို ဇွန်လ ၆ ရက်က အကြမ်းဖက်သမားများ ဝင်ရောက် တိုက်ခိုက်သွားခဲ့ရာ ထောက်လှမ်းရေး အရာရှိ ငါးဦး သေဆုံးသွားခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။

" Baqaa ဒုက္ခသည်စခန်းမှာ ဖွင့်ထားတဲ့ ထောက်လှမ်းရေး ရုံး အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရပါတယ်၊ ဒီနေ့ နံနက် ၇ နာရီလောက်မှာပဲ တိုက်ခိုက်ခံခဲ့ရတာပါ၊ ငါးယောက်သေဆုံးသွားပါတယ်" ဟု အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် မိုဟာမက် မိုမာနီက ပြောသည်။

ယခု တိုက်ခိုက်မှုကိုကျူးလွန်သွားသူများ လွတ်မြောက်သွားခဲ့ပြီး ၎င်းတို့ကို စုံစမ်းဖော်ထုတ်နိုင်ရန် လုံခြုံရေးတပ်ဖွဲ့များက လုပ်ဆောင်နေသည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။ ယခုတိုက်ခိုက်မှုကို အဓိကကျူးလွန်သွားသူများမှာ အစ္စလမ္မစ် နိုင်ငံတော်အဖွဲ့ အိုင်အက်စ်အုပ်စု ဖြစ်နိုင်မည်လားဆိုသည်မှာ မေးခွန်းတစ်ရပ်အဖြစ်သာ ရှိနေသေးသည်။

ဂျော်ဒန် နိုင်ငံသည် အီရတ်နှင့် ဆီးရီးယား ရှိ အိုက်အက်စ် စစ်သွေးကြွအုပ်စုများအပေါ် လေကြောင်းတိုက်ခိုက်မှုများတွင် ပါဝင်လုပ်ဆောင်ထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။

မတ်လကလည်း နိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုများလုပ်ဆောင်ရန် အိုင်အက်စ်တို့၏ အကြံအစည်ကို ကြိုတင်တားဆီးနိုင်ခဲ့ကြောင်း ဂျော်ဒန်အာဏာပိုင်များက ထုတ်ဖော်ပြောကြားထားဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required