အမေရိကန်အဆိုတော်ကြီး ပရင့်စ် အကိုက်ခဲပျောက်ဆေး အလွန်အကျွံ သောက်ခြင်း ကြောင့် သေဆုံးရခြင်း ဖြစ်

အမေရိကန်အဆိုတော်ကြီး ပရင့်စ် အကိုက်ခဲပျောက်ဆေး အလွန်အကျွံ သောက်ခြင်း ကြောင့် သေဆုံးရခြင်း ဖြစ်

နယူးယော့ခ်၊ ဇွန် ၃ ။           ။ အမေရိကန်အဆိုတော်ကြီး ပရင့်စ်သည် အကိုက်ခဲပျောက်ဆေးများ အလွန်အကျွံ သောက်သုံး ခြင်းကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဆေးဘက်ဆိုင်ရာ ဆန်းစစ်လေ့လာသူများက တွေ့ရှိခဲ့သည် ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုတော်ကြီး ပရင့်စ် နေအိမ် ဓာတ်လှေကားတွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ပြီး တစ်လ ကျော်အကြာတွင် မန်နက်စ်အိုတာရှိ  Midwest ဆေးဘက်ဆိုင်ရာ ဆန်းစစ်လေ့လာသူများ အဖွဲ့ရုံးမှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပရင့်စ်မသေဆုံးခင် သီတင်းပတ်များက နှစ်ကြိမ် မြင်တွေ့ခဲ့သော အသက် ၅၇ နှစ်အရွယ် ဆရာဝန်ကို  စုံထောက်များက မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ ရဲတပ်ဖွဲ့အမိန့်စာတွင် ပရင့်စ်မကွယ် လွန်မီ ဆရာဝန် မိုက်ကယ်ရှက်လန်ဘက် ညွှန်းသော ဆေးစာကို ဖော်ပြထားပြီး ယင်းဆေးကို ပရင့်စ် သောက်သုံးခြင်း ရှိမရှိ ဖော်ပြခဲ့ခြင်း မရှိပေ။

အလောင်းခွဲစိတ် စစ်ဆေးမှုများရ ပရင့်စ်သည် ဘိန်းဖြူထက် အဆပေါင်းများစွာ ပြင်းသော fentanyl သောက်သုံးခဲ့သည်ကို တွေ့ရှိခဲ့သည်။ fentanyl ဆေးသည် မောဖင်းများထက် အဆပေါင်း များစွာ ပြင်းပြီး ခွဲစိတ်ကုသမှု ခံယူပြီးနောက် နာကျင်မှုဝေဒနာကို အပြင်းအထန် ခံစားရသော လူနာများကို တိုက်သည့် ဆေးဖြစ်သည်။

အမေရိကန်အဆိုတော်ကြီး ပရင့်စ်သည် တေးအယ်လ်ဘမ်ပေါင်း ၃၀ ကျော် ထွက်ရှိခဲ့ပြီး “Let’s Go Crazy” နှင့် “When Doves Cry” တေးသီချင်းများသည် ပရင့်စ်၏ နာမည်ကျော်ကြား လူကြိုက်များသော တေးသီချင်းများတွင် ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly