tvN ရုပ်သံ၏ ဒရမ်မာဇာတ်ကားတွင် ပါ၀င်သရုပ်ဆောင်ဖို့ ဆွေးနွေးနေတဲ့ မင်းသမီး ဟန်ဂျီမင်

tvN ရုပ်သံ၏ ဒရမ်မာဇာတ်ကားတွင် ပါ၀င်သရုပ်ဆောင်ဖို့ ဆွေးနွေးနေတဲ့ မင်းသမီး ဟန်ဂျီမင်

ဆိုးလ် ၊ ဇွန် ၂ ။              ။ တောင်ကိုရီးယား မင်းသမီး ဟန်ဂျီမင် tvN ရုပ်သံ၏ ဒရမ်မာဇာတ်ကားသစ် “With You Tomorrow” တွင် ပါဝင်သရုပ်ဆောင်ရန် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း tvN ရုပ်သံဌာန၏ ကိုယ်စားလှယ်က ပြောကြားသည်။

“ဟန်ဂျီမင်ဟာ tvN  ရုပ်သံရဲ့ ဒရမ်မာဇာတ်ကားသစ် ‘With You Tomorrow’ မှာ ပါဝင် သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ လက်ရှိအချိန်မှာ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ ဒီဇာတ် ကားဟာ ခရီးသွားတစ်ယောက်နဲ့ သူရဲ့ ဇနီးဖြစ်သူတို့ အကြောင်းကို ပုံဖော်ရိုက်ကူးထားတာပါ။ စက်တင်ဘာလမှာ ထုတ်လွှင့်ပြသဖို့ စီစဉ်ထားပါတယ်” ဟု tvN ရုပ်သံဌာန၏ ကိုယ်စားလှယ်က ပြောကြားသည်။

ဟန်ဂျီမင်သည် ၂၀၁၅ ခုနှစ်က “ Hyde , Jekyll , and Me” ဒရမ်မာဇာတ်ကားတွင် နောက်ဆုံး ပါဝင် သရုပ်ဆောင်ခဲ့ကြောင်းနှင့် ပရိတ်သတ်အများအပြားသည် ဒရမ်မာဇာတ်ကားတွင် မကြာမီ ပြန်လည် သရုပ်ဆောင်မည့် ဟန်ဂျီမင်ကို တွေ့မြင်လိုကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required