ဗြိတိန် ရုံတင်ပြသငွေဇယားတွင် ထိပ်ဆုံးမှ ရပ်တည်နေသည့် X Men : Apocalypse ရုပ်ရှင်ကား

ဗြိတိန် ရုံတင်ပြသငွေဇယားတွင် ထိပ်ဆုံးမှ ရပ်တည်နေသည့် X Men : Apocalypse ရုပ်ရှင်ကား

လန်ဒန် ၊ ဇွန် ၂ ။           ။ “X Men: Apocalypse” ရုပ်ရှင်ကားသည် “Alice Through The Looking Glass” ရုပ်ရှင် ကားကို ကျော်လွန်ကာ ဗြိတိန် ရရုံတင်ပြသငွေဇယားတွင် သီတင်းပတ်နှစ်ပတ်ကြာ ထိပ်ဆုံးမှ ရပ်တည်လျက် ရှိသည်။

နောက်ဆက်တွဲ အပိုင်း၉ပိုင်းမြောက်  X Men ရုပ်ရှင်ကားသည် ထုတ်လွှင့်ပြီး ဒုတိယသီတင်း ပတ်တွင် စတာလင်ပေါင် ၂ ဒသမ ၅၄ သန်းကို ရရှိခဲ့သည်။ မင်းသားကြီး ဂျွန်နီဒပ် ပါဝင်သရုပ်ဆောင် ထားသော “Alice Through The Looking Glass ” ရုပ်ရှင်ကားသည်  ပွဲဦးထွက် စတာလင်ပေါင် ၂ ဒသမ၂၃ သန်း ရရှိခဲ့ပြီး နံပါတ် ၂ နေရာတွင် ရပ်တည်လျက်ရှိသည်။ “Alice Through The Looking Glass” ရုပ်ရှင်ကားကို ဒါရိုက်တာ ဂျိမ်းစ် ဘိုဘင်က ရိုက်ကူးထားသည်။

လူကြိုက်များသော ဂိမ်းကို အခြေခံကာ ရိုက်ကူးထားသော “Angry Birds” ဇာတ်ကားသည် ဗြိတိန်တွင် တတိယမြောက် လူကြိုက်အများဆုံး ရုပ်ရှင်ကားဖြစ်ပြီး စတာလင်ပေါင် ၉၁၉၀၀၀ အထိ ရရှိခဲ့သည်။ ဒါရိုက်တာ ဂျိုဒီဖို့စ်စတား၏ စတုတ္ထမြောက် ရုပ်ရှင်ကား “Money Monster” သည် ပထမ သီတင်းပတ်တွင် စတာလင်ပေါင် ၈၂၁ ၀၀၀ ရရှိခဲ့ပြီး ဗြိတိန် ရုံတင်ပြသငွေဇယားတွင် စတုတ္ထနေရာမှ ရပ်တည်လျက် ရှိသည်။

“Money Monster” ရုပ်ရှင်ကားတွင် ဂျော့ကလိုနေးက သေနတ်သမားတစ်ဦး၏ ဓားစာခံ ခေါ်ဆောင်ခံရသည့် ရုပ်မြင်သံကြား စီးပွားရေးသတင်း တင်ဆက်သူအဖြစ် သရုပ်ဆောင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required