ဂျက်ဆီကာ၏ တေးသီချင်းသစ် “Fly” ပိတ်ပင်ခံရ

ဂျက်ဆီကာ၏ တေးသီချင်းသစ် “Fly” ပိတ်ပင်ခံရ

ဆိုးလ်၊ မေ ၁၈ ။             ။ အဆိုတော် ဂျက်ဆီကာ၏ ပွဲဦးထွက် တစ်ကိုယ်တော် တေးအယ်လ်ဘမ် “With Love J” မှ ခေါင်းစဉ်တေးသီချင်း “Fly” သည် ယခုအခါ KBS ရုပ်သံလိုင်းတွင် ထုတ်လွှင့်ပြသမှု ပိတ်ပင်ခံထား ရသည်။

ဂျက်ဆီ၏ တေးသီချင်းတွင် ပါဝင်သော တေးသီချင်းစာသားများသည် အမှတ်တံဆိပ်များ၏ နာမည်များကို ရည်ညွှန်းနေသောကြောင့် ထုတ်လွှင့်ပြသရန် မသင့်တော်ဟု ယူဆရကြောင်း KBS ရုပ်သံက မေ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

တေးသီချင်း စာသားများတွင် ကားအမှတ်တံဆိပ် “Benz” နှင့် “Fords” ကားကုမ္ပဏီ၏ မော်ဒယ်သစ်ကား “Crown Victoria” တို့ကို ရည်ညွန်းပြောကြားထားသော  စာသားများ ပါဝင်နေခြင်း ကြောင့် ယခုကဲ့သို့ ထုတ်လွှင့်ပြသမှုကို ပိတ်ပင်ခဲ့ရခြင်းဖြစ်ကြောင်း KBS ရုပ်သံက ပြောကြားသည်။

“ကျွန်တော်တို့ ပြဿနာဖြစ်နေတဲ့ စာသာများကို ပြင်ဆင်သွားပါမယ်။ ပြန်လည်စဉ်းစားပေးဖို့ အတွက် တင်ပြသွားပါမယ်” ဟု ဂျက်ဆီကာ၏ အေဂျင်စီ Coridel Entertainment က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required