ကုမ္ပဏီ ၁၂၀၏ ပြခန်းများ ပါ၀င်ပြသမည့် Build Tech 2016 ပြပွဲပြုလုပ်မည်

ကုမ္ပဏီ ၁၂၀၏ ပြခန်းများ ပါ၀င်ပြသမည့် Build Tech 2016 ပြပွဲပြုလုပ်မည်

အဆောက်အဦးနှင့် ဆောက်လုပ်ရေးကဏ္ဍသုံးပစ္စည်း ကုန်စည်ပြပွဲကို မြန်မာကွန်ဗင်းရှင်းစင်တာ၌ မေလ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။

ပြပွဲတွင် (၁) လုပ်ငန်းနေရာ(on-site)ဆောက်လုပ်ရေး စက်ပစ္စည်းကိရိယာ (၂) အိမ်ဆောက်ပစ္စည်းနှင့် ဗိသုကာ အဖြေထုတ်ချက်များ၊ ၉-(၃) အိမ်တွင်းပရိဘောဂများ(၄) ပြုပြင်ထိန်းသိမ်းရေး စီမံခန့်ခွဲမှု တို့ ပြသမည်ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ၄ ဦးကျော်ကျော်စိုးက ပြောသည်။

ဦးကျော်ကျော်စိုးက “ မြန်မာနိုင်ငံမှာ ပြပွဲတွေ အများကြီးလုပ်ကြတယ်။ ဒါပေမယ့် ဒီပြပွဲကတော့ မတူပါဘူး။ ဟောပြောပွဲတွေ စာတမ်းဖတ်ပွဲတွေ ပါတဲ့အတွက် ပွဲတက်ရောက်လာသူတွေ အသိပညာ ဗဟုသုတ အများကြီးရကြမှာပါ”ဟုပြောသည်။

ပြပွဲတက်ရောက်လာသူများအနေဖြင့် အသိပညာဖလှယ်နိုင်ရန်  ပြပွဲတွင် ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ လုပ်ငန်ခွင်ကျွမ်းကျင်မှုပညာရှင်များ ၏ ဟောပြောပွဲများပါဝင်မည်ဖြစ်ပြီး ဝင်ကြေးမှာ အခမဲ့ဖြစ်သည်။

မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဥက္ကဌက “ မြန်မာနိုင်ငံ အစိုးရက အခြေခံအဆောက်အအုံကို အာရုံစိုက်ထားတာကြောင့် လမ်းသစ်၊ အဆောက်အဦး၊ ပိုက်လိုင်းနဲ့လျှပ်စစ်ဓါတ်အားပေးရေးကွန်ယက်တွေဖွံ့ဖြိုးတိုးတက်လာမှာပါ။”ဟုပြောသည်။

Sphere Exhibits Pte.Ltd ၏ ဥက္ကဌ Mr.Chua Wee Phong က ပြည်တွင်းရှိ ကျွမ်းကျင်ပညာရှင်များသည် ပြပွဲမှ တစ်ဆင့် နောက်ဆုံးခေတ်မှီပညာများ၊ အတက်ပညာများ၊ နည်းပညာများကို ထိတွေ့လေ့လာခွင့်ရရှိမည်ဖြစ်သည်ဟု ဆိုသည်။

ပြပွဲတွင် စက်ကိရိယာများ၊ အဆောက်အဦး ဖြည့်ဆည်းမှုလုပ်ငန်း၊ စီမံခန့်ခွဲရေးနှင့် ပတ်သက်၍ အဖြေများဖော်ထုတ်ပေးခြင်း၊ အဆောက်အအုံအတွင်း အလှပြုပြင်ရေးနှင့် ဗိသုကာဆိုင်ရာ လုပ်ငန်းလုပ်ဆောင်နည်းစနစ်များတင်ပြခြင်းတို့အပြင် ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ စက်ကိရိယာပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ စက်မှုအင်ဂျင်နီယာနှင့် ပတ်သက်သည့် အခန်းကဏ္ဍများကို ပြသသည့် ကုမ္ပဏီ ၁၂၀ ၏ ပြခန်းများ ပါဝင်ပြသမည်ဖြစ်သည်။ ပြပွဲကို Sphere Exhibits Pte Ltd က စီစဉ်ကျင်းပခြင်းဖြစ်သည်။

မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်း အစီအစဉ်နှစ်ပတ်လည် အထွေထွေညီလာခံနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနှစ် (၂၀) ရွေရတုသဘင်နှင့် ဆုပေးပွဲအခမ်းအနားကိုလည်း  ၂၀၁၆ ခုနှစ် မေလ ၂၆ ရက်တွင် ကရဝိတ်နန်းတော် တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် အဆောက်အအုံဆောက်လုပ်ရေးကဏ္ဍသည် ဒုတိယ အကြီးဆုံးဈေးကွက်ဖြစ်နေပြီး အမေရိကန်ဒေါ်လာ ၇၆၅ သန်းရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly