ကင်ညာတွင် မိုးသည်ထန်၍ လူနေအဆောက်အအုံပြိုကျရာ ပိတ်မိနေသူများကို ရှိဖွေလျက်ရှိ

ကင်ညာတွင် မိုးသည်ထန်၍ လူနေအဆောက်အအုံပြိုကျရာ ပိတ်မိနေသူများကို ရှိဖွေလျက်ရှိ

နိုင်ရိုဘီ၊ ဧပြီ ၃၀ ။            ။ ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တော်တွင် မိုးသည်းထန်၍ လူနေအဆောက်အအုံ တစ်လုံးပြိုကျမှုဖြစ်ရာ ပိတ်မိနေသူများကို ကယ်ဆယ်ရေးသမားများက ရှာဖွေလျက်ရှိနေသည်။

ဟူရူမာအိမ်ရာက အဆောက်အအုံတစ်လုံးပြိုကျခြင်းဖြစ်ပြီး ရှင်ကျန်ရစ်သူများကို ကယ်ဆယ်ရေးသမားများက ကယ်ထုတ်ခဲ့ရသည်။ သေဆုံးသူပေါင်းမှာ ခုနစ်ဦးရှိကြောင်း လတ်တလော သိထားရသည်။

ကယ်ဆယ်ရေးများရောက်လာချိန် အခြေအနေက ပရမ်းပတာနိုင်ကြောင်း ကြက်ခြေနီအဖွဲ့က ဝေဖန်သည်။ ပိတ်မိနေသူမည်မျှရှိသည်ကိုလည်း မသိရသေးပေ။

ရဲအကြီးအကဲ ကွမ်မီက လူပေါင်း အနည်းဆုံး ၁၂၁ ဦးအား ကယ်တင်နိုင်ကြောင်း ပြောသည်။

ပြိုကျအဆောက်အအုံမှာ ခြောက်ထပ် သို့မဟုတ် ခုနစ်ထပ်ဖြစ်ကြောင်းကို အတည်ပြုနိုင်ရန် ရရှိသတင်းများက ရှုပ်ထွေးနေသည်။

မိုးသည်းထန်ခြင်းကြောင့် နောက်ထပ်မြေပြိုမှုများဖြစ်ခြင်း၊ အိမ်များရေမျောခြင်းနှင့် လမ်းများရေကြီးရေလျှံခြင်းများလည်း ဖြစ်ပွားသည်။

နိုင်ရိုဘီမြို့ မိုးသည်းထန်မှုတွင် ယခုအဆောက်အအုံ ပြိုကျမှုမှ ခုနစ်ဦးအပါအဝင် သေဆုံးသူပေါင်းက ၁၄ ဦးရှိကြောင်း ရဲက ပြောသည်။ နံရံပြိုကျမှုကြောင့်လည်း အခြားလေးဦးသေဆုံးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly