လိပ်ကျွန်းလူသတ်မှု ပြန်လည်စစ်ဆေးခိုင်းရန် နိုင်ငံတကာတရားရေးအဖွဲ့က တရားခံရှေ့နေအဖွဲ့ကို အကြံပေး

လိပ်ကျွန်းလူသတ်မှု ပြန်လည်စစ်ဆေးခိုင်းရန် နိုင်ငံတကာတရားရေးအဖွဲ့က တရားခံရှေ့နေအဖွဲ့ကို အကြံပေး

ဗြိတိန်စုံတွဲ သတ်ဖြတ်မှုနှင့် မြန်မာနှစ်ဦးအား အမှုစွဲဆိုသည့် စုံစမ်းစစ်ဆေးမှုများနှင့် ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့က နိုင်ငံတကာအဖွဲ့အစည်းသို့ အစီရင်ခံစာတင်ရဖွယ်ရှိသည်။

နိုင်ငံတကာတရားရေးရာအဖွဲ့နှင့် ဒီအိုင်အေမူခင်းဆေးသိပ္ပံပညာရှင်များက မြန်မာနှစ်ဦး၏ ရှေ့နေအဖွဲ့အား အမှုနှင့်ပတ်သက်ပြီး တရားဝင်ထုချေလွှာတင်ရန်နှင့် ပြန်လည်စစ်ဆေးကြားနာခိုင်းရန် အကြံပေးထားသည်။

၂၀၁၄ စက်တင်ဘာလအတွင်းက ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် အသက် ၂၃ နှစ်ရှိ ဗြိတိန်သူ ဝှစ်သာရိုက်နှင့် အသက် ၂၄ နှစ်ရှိ ရည်စားဖြစ်သူ မီလာတို့နှစ်ဦး အသတ်ခံထားရသည့် ရုပ်အလောင်းအား တွေ့ရှိခြင်းဖြစ်သည်။

ထိုင်းရဲတပ်ဖွဲ့မူခင်းဓာတ်ခွဲခန်းက စစ်ဆေးသည့် ဒီအန်အေစစ်ဆေးမှုများသည် မပြည့်စုံဘဲ သက်သေကွင်းဆက်မဲ့ခြင်း၊ တရားခံရှေ့နေများသို့ ထုတ်ဖော်ပြောကြားခြင်း မရှိကြောင်း ပညာရှင်များက ပြောသည်။ အဆိုးဝါးအဖြစ်က တရားခံဖြစ်သူမြန်မာနိုင်ငံသားနှစ်ဦးဖြစ်သည့် ကိုဇော်လင်းနှင့် ကိုဝေဖြိုးတို့က အမှုဆင်ခံရခြင်းဖြစ်ဖွယ်ရှိသည်။

“ဒီကိစ္စမှာ ကြားဝင်ဆောင်ရွက်ပေးမယ့် ဆန္ဒရှိတဲ့ သြစတြေးလျအာရှ ပစိဖိတ်ဓာတ်ခွဲခန်း တရားဝင်အသိအမှတ်ပြုကော်ပိုရေးရှင်းနဲ့ ပြောထားဆိုထားပြီးဖြစ်ပါတယ်။   မြန်မာလူငယ်နှစ်ဦးအနေနဲ့   သေဒဏ်စီရင်ခံရခြင်းထက် အနောက်နိုင်ငံတစ်ခုခုကနေ အာဏာပိုင်တွေကို တရားစွဲစေလိုတယ်။ သူတို့ရှေ့နေတွေကတော့ ထိုင်းနိုင်ငံအတွင်းမှာပဲ အဲဒီလို ပြန်တရားစွဲဆိုသင့်တယ်။”ဟု ပညာရှင်အဖွဲ့မှ တစ်ဦးက ပြောသည်။

အဆိုပါအဖွဲ့သည် လိပ်ကျွန်းဒီအန်အေ သက်သေပြည့်စုံမှုမရှိသည့် ကိစ္စရပ်အား မဖြေရှင်းနိုင်မချင်း ထိုင်းနိုင်ငံအတွင်းက ဓာတ်ခွဲခန်းအားလုံးအား အသိအမှတ်ပြုဓာတ်ခွဲခန်းအဖြစ်မှ ရပ်ဆိုင်းနိုင်သည့် အဖွဲ့ဖြစ်သည်။

ယင်းအဖွဲ့က တရားခံရှေ့နေများအား ထိုင်းကျန်းမာရေးဝန်ကြီးဌာန၏ ဓာတ်ခွဲခန်းအရည်အသွေးစံဗျူရိုဌာနသို့ ဒီအန်အေသက်သေနှင့် ပတ်သက်ပြီး စစ်ဆေးပေးဖို့ တောင်းဆိုရန် အကြံပြုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required