ရွှေဘိုတွင် ကင်းလှည့်လာသည့် စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရ

By MTO (မဇ္စျိမ)
16 November 2023
ရွှေဘိုတွင် ကင်းလှည့်လာသည့် စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် ကင်းလှည့်လာသည့် စစ်ကောင်စီကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တဦးသေဆုံးပြီး ခုနစ်ဦးထိခိုက်ဒဏ်ရာရသွားကြောင်း သိဒ္ဓိရှင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရ သည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ ညပိုင်းက ရွှေဘိုမြို့မှ ရွှေဘို-ကျောက်မြောင်းလမ်းအတိုင်း ကင်းလှည့်လာသည့် စစ်ကောင်စီကားကို ပါဆယ်မိုင်းနှစ်လုံးတွဲ ပွိုင့်သုံးပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

“ နေ့တိုင်းလိုလို မြို့ထဲမှာကင်းပတ်တယ်။ အဲဒါကိုသိလို့ မိုင်းထောင်ပြီး လာချိန်စောင့်ပြီ မိုင်းဆွဲတိုက်ခိုက် ခဲ့တာပါ။ သေဆုံးနဲ့ဒဏ်ရာရရှိမှုကို အတည်ပြုတာကတော့ တာဝန်သိပြည်သူတစ်ယောက်ပါ”ဟု ၎င်းက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီကားမှာ နေရာတွင်ထိုးရပ်သွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက အနီးပတ်ဝန်းကျင်သို့  ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ ကြောင်း သိဒ္ဓိရှင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူက ဆိုသည်။

ယခုတိုက်ခိုက်မှုကို စိုင်နိုင်တိုက်နယ် သိဒ္ဓိရှင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)နှင့် တာနောယက္ခ ပြည် သူ့ကာကွယ်ရေးအဖွဲ့တို့ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required