နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၃ နိုဝင်ဘာ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၃ နိုဝင်ဘာ၂၀၂၃) 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • ကြားကာလပြည်သူ့အုပ်ချုပ်ရေး အကောင်အထည်ဖော်ဆောင်နေသည့် ဒေသများတွင်ရှိသည့် ပုဂ္ဂလိကဘဏ်များ၌ အပ်နှံထားသော ပြည်သူများ၏ အပ်နှံငွေများ ဆုံးရှုံးနစ်နာမှု မရှိစေရေး စီမံဆောင်ရွက်ထားရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကြားကာလဗဟိုဘဏ်က ထုတ်ပြန်လိုက်သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော် မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့မှာရှိသည့် မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး  နိုဝင်ဘာ ၁၂ ရက် တွင်ပြုလုပ်ခဲ့ကြသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရသိမ်းပိုက်ထားသည့် နယ်‌မြေများရှိ ပုဂ္ဂလိကဘဏ်များတွင် ငွေအပ် နှံထားသူများ ဆုံးရှုံးမှုမရှိအောင် ဆောင်ရွက်နေသည်ဟု NUG က ထုတ်ပြန်သည်။  

  • ခင်ဦးမြို့နယ်ရှိ ပြည်သူများ သွားလာရ အဆင်ပြေစေရန် အမျိုးသား ညီညွတ်ရေး အစိုးရက ဦး​ဆောင်ပြီး တံတားအရှည် ပေ ၄၀ နှင့် အကျယ် ၁၅ ပေ ရှိ အာစီ ကွန်ကရစ်တံတားအား နိုဝင်ဘာလ ၁၂ ရက်နေ့တွင် တည်ဆောက် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်တွင်" ၁၁၁၁" လှုပ်ရှားမှုအဖြစ် ရွှေဘိုခရိုင် အမှတ်(၁၈)တပ်ရင်းက ဦးဆောင်၍ နိုဝင်ဘာ ၁၁ရက်၊မွန်းလွဲ ၁နာရီက ချီတက်ခဲ့ကြသည်။ 

  • စစ်ကိုင်းတိုင်း၊ ​ဆားလင်းကြီးမြို့နယ်ရှိ ကျားတက်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များအား ဒေသတွင်း PDFများက ပစ်ခတ်တိုက်ခိုက်ရာ စခန်းမှူးအပါအဝင် ခုနစ်ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းခံရကြောင်း သတင်းရရှိသည်။ 

  • စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နှင့် ၁၀၂၇ စစ်ဆင်ရေးကို ယနေ့ ကြိုဆိုထောက်ခံကြကြောင်း သိရှိရသည်။ 

  • ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့၌ " ၁၀၂၇ ဖက်ဆစ် စစ်တပ်ကို စွန့်ခွာကြ ပြည်သူ့ရင်ခွင်ခိုလုံကြ" စာတန်း ကိုင်ဆောင်ကာ ပုသိမ်-မုံရွာ လမ်းမပေါ်ရှိ ယမားတံတားပေါ်တွင် ဆန္ဒပြခဲ့ကြောင်း သိရသည်။။ 

  • ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့တွင် တိုက်ပွဲဖြစ်ပွားနေစဉ် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲသဖြင့် ပိတ်မိနေသည့်သားအဖနှစ်ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။ 

  • မကွေးတိုင်း၊ ဂန့်ဂေါခရိုင်တပ်ရင်း YRA ထီးလင်းကို လက်နက်နှင့်အတူ အလင်းဝင် CDM လုပ်ခဲ့သည့် ဒုအရာခံဗိုလ် တစ်ဦးကို ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀ ကျပ် ပေးအပ်ခဲ့ကြောင်း ယောအလင်းတန်းက ထုတ်ပြန်သည်။ 

  • ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် ကင်းလှည့်ထွက်လာသော စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ကို မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း ၃၆၀၁(PPDF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • APEC ညီလာခံအနီးတွင် စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်မှု ရပ်တန့်ရန်နှင့် စစ်တပ်ကိုလက်နက်နှင့် လေယာဉ်ဆီရောင်းချမှု ရပ်တန့်ရန် ဆန္ဒပြချီတက်ခဲ့ ကြကြောင်း သိရသည်။ 

  •  

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ကရင်နီ တော်လှန်‌ရေးတပ်ပေါင်းစုက ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်းများကို နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေ နှင့်အညီ ထိန်းသိမ်းထားအကြောင်း ဖမ်းဆီခံထားရသည့် အကြမ်းဖက် စစ်ကောင်စီ စစ်သုံ့ပန်း ၁ ဦး ပြောကြားထားသည့် ရုပ်သံဗီဒီယိုဖိုင်ကို KNDF ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ပေးထားသည်။ 

  • ကရင်နီပြည်၊ လွိုင်ကော်တွင်ရှိသည့် အကြမ်းဖက် စစ်တပ်၏ ဒေသကွပ်ကဲရေးစစ်ဌာချုပ်မှူး( ဒကစမှူး) ကို ဖမ်းဆီးရမိခဲ့လျှင် ကြမ်းခင်းစျေး ကျပ်သိန်း ၃၀၀ ဆုကြေးထုတ်ပေးသွားမည်ဟု စီစဉ်သူများကပြောသည်။ 

  • ကရင်နီပြည်မှာ ၁၁၁၁ Operation ကို နိုဝင်ဘာ ၁၁ ရက်မှာ စတင်ခဲ့ပြီး ကရင်နီတပ်ပေါင်းစုများက စစ်ဆင်ရေးကို အောင်မြင်စွာ စတင်နိုင်ခဲ့ကြောင်း နိုဝင်ဘာ ၁၂ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်သည်။ 

  • ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်က နယ်ခြားစောင့်စခန်းနှစ်ခုကို ရက္ခိုင့်တပ်တော် (AA) က ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၅ နာရီတွင် စတင်ဝင်ရောက် တိုက်ခိုက်ရာ တိုက်ပွဲ ဖြစ် ပွားနေကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။ 

  • ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကွမ်းလုံမြို့အား အလုံးစုံသိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း မြန်မာအမျိုး သားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) မှ ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန် သည်။ 

  • ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်ရှိ အပေါက်ဝကျေးရွာရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစု ဝင်များ အားလုံး ရက္ခိုင့်တပ်တော် (AA)ထံ လက်နက်ချ အလင်းဝင်လာကြောင်း ရက္ခိုင့်တပ်တော် (AA) ၏သတင်းရင်းမြစ်ကို ကိုးကား၍ People’s Spring သတင်းတွင် ဖော်ပြထားသည်။ 

စစ်ကောင်စီ 

  • ရခိုင်ပြည်နယ်သို့ အဝင်အထွက်ပြုလုပ်သည့် ကားလမ်းများကို ယနေ့ နိုဝင်ဘာလ ၁၃ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့က ပိတ်ထားလိုက်သောကြောင့် ခရီးသွားလာမှု ရပ်ဆိုင်းသွားပြီဖြစ် ကြောင်း သိရသည်။ 

  • မကြာသေးခင်ကစ တိုက်ပွဲများ ပြင်းထန်လာနေသည့် ရှမ်းပြည်နယ်ထဲက မြို့နယ်တချို့ကို စစ်အုပ် ချုပ်ရေး ကြေညာလိုက်ကြောင်း စစ်ကောင်စီက နိုဝင်ဘာ ၁၂ ရက် ညပိုင်းတွင် ထုတ်ပြန် လိုက်သည်။ 

  • အိန္ဒိယ-မြန်မာနယ်စပ် ဖလမ်းမြို့နယ်ရှိ ရိဒ်ခေါရ်ဒါစခန်းကို နိုဝင်ဘာလ ၁၃ ရက် ယနေ့နံနက် ပိုင်းတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းယူပြီးနောက် စစ်ကောင်စီတပ်က လေကြောင်း မှ တိုက်ခိုက်မှုပြုနေလုပ်သည်ဟု ချင်းတော်လှန်ရေးတပ်သားထံမှ သိရသည်။ 

  • စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် တာဝန်ရှိသူများနှင့်အတူ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ တောင်ငူခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနအား သွားရောက်ကြည့်ရှုစစ်ဆေးကြောင်း စစ်ကောင်စီ သတင်းများတွင် ဖော်ပြထားသည်။ 

  • ကွမ်းလုံတွင်  စစ်ဗျူဟာအရ ဟပေးခဲ့တာများရှိပြီး အဆိုပါနေရာများကို MNDAA  အဖွဲ့က ခိုးကြောင်ခိုး ဝှက်လာပြီး ဓာတ်ပုံရိုက်ပုံစံမျိုးရှိကြောင်း သိန်းနီဘက်တွင်လည်း နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန် ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ၏ ပြောဆိုချက်ကို ကိုးကား၍ ယနေ့ထုတ် စစ်ကောင်စီ  သတင်းစာများတွင် ဖော်ပြထားသည်။ 

  • ချိန်ကိုက် ပြည်ပက ပြည်ဖျက်မီဒီယာများမှ ကတော့ စက်သုံးဆီရောင်းချတဲ့ခွဲတမ်းများ လျှော့နေကြောင်း ထုတ်လွှင့်နေသလို   ဆီဝယ်ယူရန် အတွက် ဒေါ်လာချမပေးဘူးဆိုတာမျိုး ကောလာဟလ ထုတ်လွှင့်နေ ကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန် ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ၏ ပြောဆိုချက်ကို ကိုးကား၍ ယနေ့ထုတ် စစ်ကောင်စီ  သတင်းစာများတွင် ဖော်ပြထားသည်။ 

နိုဝင်ဘာ ၁၃ သုံးသပ်ချက် 

  • စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ကွမ်းလုံမြို့သိမ်းခံ ရသည် နှင့် ပတ်သက်၍ သတင်းဖုံးကွယ်လိမ်လည် ထုတ်ပြန်သော်လည်း တော်လှန်ရေးအင်းအားစုများမှ ဓာတ်ပုံ ရုပ်သံမှတ်တမ်းများဖြင့် ထုတ်ပြန်လိုက်ရာ စစ်ကောင်စီ၏ အလိမ်အညာပြောဆိုမှုများ ဖုံးကွယ်မရအောင် ဖြစ်ပြီး ပြည်သူလူထုမှလည်း လှောင်ပြောင်နေကြသည်ကို တွေ့ရသည်။ 

  • ရခိုင်ပြည်နယ်ဘက်တွင် ယနေ့မှစ၍ တိုက်ပွဲများစတင်ဖြစ်ပွားလာပြီး စစ်ကောင်စီအတွက် နောက်ထပ် စစ်မျက်နှာတစ်ခု ထပ်ဖွင့်ခံလိုက်ရသည့်အတွက် စစ်ရေးအကျပ်အတည်း ဆိုက်လာပြီး နောက်ထပ် စခန်းများ မြို့များထပ်မံအသိမ်းခံလာရဖွယ်ရှိနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required