စစ်ကောင်စီတပ် အကြမ်းဖက်သတ်ဖြတ်မှု နိုင်ငံတကာသိ‌ စေရန် LGBT အလှမယ် ကမ်ပိန်း ပြုလုပ်

By မိုးသောက်မဲဆောက်(မဇ္ဈိမ)
03 November 2023
စစ်ကောင်စီတပ် အကြမ်းဖက်သတ်ဖြတ်မှု နိုင်ငံတကာသိ‌ စေရန် LGBT အလှမယ် ကမ်ပိန်း ပြုလုပ်
ပုံအညွှန်း- LGBT အလှမယ်၏ ကမ်ပိန်းသရာပ်ဖော်ပုံများ(ဓာတ်ပုံ- ဟိန်းအောင်(ဖိုတိုဒါန)

အာဏာသိမ်းစစ်ကောင်စီ၏ အရပ်သားများ၊ ကျောင်းသားကျောင်းသူများအပေါ်တွင် အကြမ်းဖက်သတ်ဖြတ်နေမှု ကျူးလွန်နေမှုများအကြောင်း  နိုင်ငံတကာက သိရှိနိုင်ရန်အတွက်  LGBTအလှမယ်တဦးက ကမ်းပိန်းတခုပြုလုပ်ခဲ့သည်။

၂၀၂၃ခုနှစ် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ကျင်းပခဲ့သည့် LGBTအလှမယ်ပြိုင်ပွဲတွင်လူကြိုက်အများဆုံး ဆုရရှိခဲ့သည့် မြန်မာနိုင်ငံသား သက္ကရာဇ်သည် သွေးစွန်းနေသည့် အခြေခံပညာကျောင်းဆရာမအင်္ကျီကိုဝတ်ဆင်ပြီး မဲဆောက်မြို့တွင်ကမ်ပိန်းပြုလုပ်ကာ မြန်မာနိုင်ငံက အကြမ်းဖက်မှုများအကြောင်း နိုင်ငံတကာသိစေရန်ပြသခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာလ  ၃၁ရက်နေ့ ဟောလိုဝင်းနေ့နှင့် နိုဝင်ဘာလ၁ရက်နေ့ တို့တွင် မဲဆောက်မြို့တွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကောက်ခံထားသည့် အချက်အလက်များအရ စစ်ကောင်စီက သတ်ဖြတ်ထားသည့် ပြည်သူစုစုပေါင်းသည် လက်ရှိတွင် ၄၁၆၅ဦးအထိရှိနေပြီဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required