သာကေတလူထု တောင်းဆိုချက် အကောင်ထည်ဖော်ဆောင်ရွက်ပေးမည်

သာကေတလူထု တောင်းဆိုချက် အကောင်ထည်ဖော်ဆောင်ရွက်ပေးမည်

ရန်ကုန်၊ ဧပြီ ၂၃ ။                ။ သာကေတမြိုနယ်ပြည်သူများ၏ တောင်းဆိုချက်များကို ဌာနဆိုင်ရာကို အသီးသီး ညှိနှိုင်း အကောင်ထည် ဖော်ဆောင်ရွက်မည်ဟု သာကေတမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဝေဖြိုးအောင်က မဇ္ဈိမကိုပြောသည်။

“အားလုံးတွေ့ပြီးပြီဆိုရင်တော့ ဌာန ဆိုင်ရာသက်ဆိုင်သူတွေကို စာပို့ပြီးညှိနှိုင်းဆောင်ရွက်ပေးဖို့ လုပ်မှာပါ။ပြည်သူတွေက လိုအပ်ချက်တွေ ပေါ့၊မြို့ပြလူနေမှုမှာ ခံစားရမှုတွေများပါတယ်။နှစ်ပေါင်းများစွာ စီမံခန့်ခွဲ မှုအမှားများခဲ့တာတွေကြောင့်ပိုဆိုးကုန်တာပေါ့၊”ဟု ၎င်းကပြောသည်။

ဧပြီ ၂၃ ရက်နေ့က ၆ရပ်ကွက် အရှေ့တွင် လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး ပြည်သူများက အချက်လေးချက်ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်ဟု ၎င်းကပြောသည်။

သာကေတမြို့နယ်အတွင်းမြောင်းများ ရေဆင်းရေးလားကောင်း ရန်၊ လမ်းလိုအပ်ချက်အရ ကျူးကျော်ဆိုင်ခန်းများကိစ္စရပ်များ ၊ အထူးဂရမ်းချပေးရန်နှင့် သန့်ရှင်းသော သောက်သုံးရေးရရှိရန် အပါအဝင် မှတ်ပုံတင် ၊သန်းခေါင်စာရင်း များပြုလုပ်ရတွင် နိုင်ငံသားမှန်ကန်ကြောင့်သက်သေခိုင်မာပါက အချကအလက် ပြည်စုံလျှင် အလွယ်တကူဆောင်ရွက်ပေးရန် ကိစ္စ ရပ်များကို ဆောင်ရွက်ပေးရန်တောင်းဆို ခဲ့သည်။

သာကေတမြို့နယ် တွင် လွှတ်တော်ကိုယ် စလှယ်များနှင့် လူထုတွေ့ဆုံပွဲကို ဧပြီ ၂၂ရက်မှ ၂၈ရက်နေ့ထိကို သာကေတ တွင်းရပ်ကွက် ၁၉ခုတွင် လူထုတွေ့ဆုံပွဲကို ပြုလုပ်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required