တရုတ်နှင့် စီမံကိန်းကြီးများ လုပ်ကိုင်လိုဟု စစ်ကောင်စီ ဒု၀န်ကြီးချုပ် ‌ပြော

By မဇ္ဈိမ 
24 October 2023
တရုတ်နှင့် စီမံကိန်းကြီးများ လုပ်ကိုင်လိုဟု စစ်ကောင်စီ ဒု၀န်ကြီးချုပ် ‌ပြော
ပုံ - ဒု၀န်ကြီးချုပ် နိုင်ငံခြားရေး ၀န်ကြီး ဦးသန်းဆွေ (ပုံဟောင်း) 

တရုတ်နှင့် စီမံကိန်းကြီးများ လုပ်ကိုင်လိုဟု စစ်ကောင်စီ ဒုဝန်ကြီးချုပ် ဦးသန်းဆွေက တရုတ်သံအမတ်နှင့် အောက်တိုဘာ ၂၃ ရက်က နေပြည်တော်တွင်‌တွေ့ဆုံစဉ် ‌ပြောသည်။

တရုတ်-မြန်မာစီးပွားရေးစင်္ကြံ တည်ဆောက်မှုအား လမ်းညွှန်မှု သဘောထားကာ တရုတ်နှင့်အတူ ညှိနှိုင်းမှုမြှင့်တင်၍ စီမံကိန်းကြီးများ၊ အပြန်အလှန်ချိတ်ဆက်မှု၊ လျှပ်စစ်၊ ဘဏ္ဍာရေး၊ ပြည်သူ့လူနေဘဝအကျိုးပြုရေး စသည့်ကဏ္ဍများတွင် ပူးပေါင်း ‌‌ဆောင်ရွက်မှုကိုမြှင့်တင်လို‌ကြောင်း ဒု၀န်ကြီးချုပ် နိုင်ငံခြားရေး ၀န်ကြီး ဦးသန်းဆွေက တရုတ်သံအမတ် ချန်ဟိုင်ကို ‌ပြောသည်။

တရုတ်သံအမတ်က တရုတ်-မြန်မာ နှစ်နိုင်ငံသည် စီးပွားရေး စင်္ကြံတည်ဆောက်မှုကို စဉ်ဆက်မပြတ်ဖော်ဆောင်‌နေပြီး၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု၍ မြန်မာပြည်သူတစ်ရပ်လုံးကို အကျိုးဖြစ်ထွန်းစေကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ယခုအကြိမ် ထိပ်သီးဖိုရမ်ရလဒ်သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်သွားလိုပြီး သမ္မတရှီကျင့်ဖျင်က ထုတ်ပြန်ကြေညာသည့် တရုတ်နိုင်ငံက “Belt and Road” အရည်အသွေးမြင့်အတူတကွတည်ဆောက်မှုအား ထောက်ခံအားပေးသည့် လှုပ်ရှားမှု ၈ ရပ် မြန်မာနိုင်ငံတွင် ‌ဖော်ဆောင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကာ စည်ပင်ဝပြော ဖွံ့ဖြိုးတိုးတက်မှုကို အတူဖော်ဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် ပြုလုပ်သည့် Belt and Road ဆယ်နှစ်ပြည့်အခမ်းအနားသို့ နိုင်ငံ့ခေါင်းဆောင်များ တက်ရောက် ခွင့်ရခဲ့သော်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာတက်ရောက် ခွင့်မရဘဲ ဒု၀န်ကြီးချုပ် မြထွန်းဦးသာ တက်ရောက်ခဲ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required