မန်ချက်စတာမှာ ရှိနေတဲ့ ဒေးဗစ် ဒီဂီယာ၊ ယူနိုက်တက်သို့ ပြန်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်

By By PKThawn
11 October 2023
မန်ချက်စတာမှာ ရှိနေတဲ့ ဒေးဗစ် ဒီဂီယာ၊ ယူနိုက်တက်သို့ ပြန်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသမားဟောင်း ဒေးဗစ် ဒီဂီယာဟာ သူ့ရဲ့အနာဂတ်နဲ့ပတ်သတ်ပြီး မသေချာမရေရာမှုတွေကြားမှာ အံ့အားသင့်ဖွယ် ဆိုရှယ်မီဒီယာပို့စ်တခုကို တင်ခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ် ဂိုးသမားဟာ ဒီနွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာပြီးနောက် မန်ချက်စတာမှာ ဓာတ်ပုံတခုကို Instagram မှာ သူ့ကိုယ်သူ တင်ပြီးနောက် ယူနိုက်တက်ကို ပြန်လာနိုင်တယ်ဆိုတဲ့ ထင်ကြေးတွေကို မြှင့်တင်လိုက်ပါတယ်။ ဒီဂီယာဟာ ၂၀၁၁ မှာ သရဲနီတို့ဆီ ပထမဆုံးရောက်ရှိလာခဲ့အပြီးမှာ သူ့ရဲ ၁၂ နှစ်ကြာ ကစားသမားဘဝကို အဆုံးသတ်ပြီးနောက် ကလပ်အသစ်တခုခုသို့ ပြောင်းရွှေ့ဖို့ မသေချာဘဲ ရှိနေပါတယ်။

ကင်မရွန်းလက်ရွေးစင် အန်ဒရီ အိုနာနာဟာ ယူနိုက်တက်သို့ ပြောင်းရွှေ့လာပြီးနောက်ပိုင်း အေဂျက်စ်ဂိုးသမားဟောင်းဟာ ပရီးမီးယားလိဂ်သို့ ရောက်ရှိကတည်းက ရုန်းကန်နေရကာ သူ့ရဲ့ အဖွင့် ၁၁ ပွဲမှာ ပေးမဲ့ ၃ ပွဲသာရှိခဲ့ပါတယ်။

Daily Mail ရဲ့ ဖော်ပြချက်အရ ဒီဂီယာဟာ တနင်္လာနေ့က ယူကေသို့ ပြန်လည်ရောက်ရှိလာပြီး မထွက်ခွာခင် Hale ရှိ သူ့ရဲ့အိမ်ဟောင်းမှာ ထားရစ်ခဲ့တဲ့ ပစ္စည်းတွေကို အမျိုးအစားခွဲဖို့ ပြန်လာခဲ့ကြောင်း သိရပါတယ်။ ယူနိုက်တက် ကစားသမားဟောင်းဟာ သူ့ရဲ့ နောက်ထပ် ဦးတည်ရာကို ရှာမတွေ့သေးပေမယ့် သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး စိတ်အေးလက်အေးဖြစ်နေကြောင်း အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။

ဒီဂီယာဟာ သူ့ရဲ့ပေါ့ပ်စတားဇနီးဖြစ်သူ အီဒူနီ ဂါစီယာ၊ သမီးငယ်တိုနဲ့အတူ မက်ဒရစ်သို့ မပြန်ခင် လာမယ့် ရက်အနည်းငယ်အတွင်း ယူကေမှာ ဆက်လက်ရှိနေဖွယ်ရှိပါတယ်။

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required