ရုရှား ယူ-၁၇ အသင်းများကို ပြန်လည်လက်ခံဖို့ လက်လွတ်လိုက်တဲ့အတွက် UEFA ကို ယူကရိန်း ကျေးဇူးတင်

By By PKThawn
11 October 2023
ရုရှား ယူ-၁၇ အသင်းများကို ပြန်လည်လက်ခံဖို့ လက်လွတ်လိုက်တဲ့အတွက် UEFA ကို ယူကရိန်း ကျေးဇူးတင်

ရုရှား ယူ-၁၇ ဘောလုံးအသင်းတွေကို ပြန်လည်လက်ခံဖို့ အငြင်းပွားဖွယ် အစီအစဉ်တွေကို စွန့်လွှတ်ခဲ့တဲ့အတွက် UEFA ကို ကျေးဇူးတင်ရှိကြောင်း ရုရှားရဲ့ "အထီးကျန်မှု ဆက်လက်ဖြစ်ရေးအတွက် တိုက်ပွဲဝင်သွားမယ်"လို့ ယူကရိန်းက အင်္ဂါနေ့မှာ ပြောကြားသွားပါတယ်။

“ယူကရိန်းကို ပံ့ပိုးပေးကြတဲ့အတွက် ကျနော်တို့ရဲ့ ဥရောပလုပ်ဖော်ကိုင်ဖက်တွေကို ကျေးဇူးတင်ရှိပါတယ်”လို့ ယူကရိန်းဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

"ကျုပ်တို့နိုင်ငံရဲ့ အနေအထားကို ... ကြားသိခဲ့ကြပြီးပါပြီ။ ရုရှားဘောလုံးအဖွဲ့ချုပ်က အထီးကျန်ဖြစ်နေဆဲပါ။ အဲဒါကတော့ သူတို့ နေရမယ့် နေရာပါ"လို့ ထုတ်ပြန်ချက်က ပြောပါတယ်။

ယူကရိန်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် ရုရှားရဲ့ စီနီယာအသင်းတွေကို ဆိုင်းငံ့ထားခဲ့ပြီး UEFA ဥရောပဘောလုံးအဖွဲ့ချုပ်က ပြီးခဲ့တဲ့လက နိုင်ငံ့လူငယ်အသင်းတွေကို ပြိုင်ပွဲတွေမှာ ပြန်လည်ထည့်သွင်းခဲ့ပါတယ်။

လူငယ်ကစားသမားတွေဟာ လူကြီးတွေရဲ့ လုပ်ရပ်တွေအတွက် အဖိုးအခပေးဆောင်ဖို့ မသင့်ဘူးလို့ ၎င်းက စောဒကတက်ခဲ့တာပါ။

အဲဒီဆုံးဖြတ်ချက်ကြောင့် ရုရှားအသင်းတွေပါဝင်တဲ့ UEFA ပြိုင်ပွဲအားလုံးကို သပိတ်မှောက်မယ်လို့ တုံ့ပြန်တဲ့အနေဖြင့် ကိဗ်မှာ ဒေါသဖြစ်ခဲ့ကြပါတယ်။

"ရုရှားအသင်းတွေရဲ့ဝင်ခွင့်ကို ကန့်ကွက်တဲ့အနေနဲ့ ကျနော်တို့ရဲ့ ဆန့်ကျင်ကန့်ကွက်မှုကို ထောက်ခံအားပေးခဲ့တဲ့ ဥရောပမိတ်ဖက်အားလုံးကို ကျေးဇူးတင်ရှိပါတယ်"လို့ ယူကရိန်းဘောလုံးအဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ ဗာဒီယန် ကော့စတီချန်ကိုက ထုတ်ပြန်ချက်မှာ ပြောပါတယ်။

“ဒီကိစ္စမှာ အပေးအယူမျှတာမျိုး မဖြစ်သင့်ပါဘူး”လို့ သူက ပြောပြီး "နိုင်ငံတကာ ဘောလုံးလောကမှာ သူ့ရဲ့ နေရာကို ပြန်လည်ရရှိဖို့ ရုရှားရဲ့ နောက်ဆုံး ကြိုးပမ်းမှု မဟုတ်ဘူး"လို့ ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required