ဘာစီလိုနာဆယ်ကျော်သက် ယာမာလ် လာလီဂါရဲ့ အသက်အငယ်ဆုံးဂိုးသွင်းသူဖြစ်လာ

ဘာစီလိုနာဆယ်ကျော်သက် ယာမာလ် လာလီဂါရဲ့ အသက်အငယ်ဆုံးဂိုးသွင်းသူဖြစ်လာ

ဘာစီလိုနာကြယ်ပွင့်ကစားသမား လမိုင်း ယာမာလ်ဟာ တနင်္ဂနွေနေ့က ဂရန်နာဒါနဲ့ ရင်ဆိုင်ရာမှာ ဂိုးသွင်းယူခဲ့အပြီး သူဟာ လာလီဂါရဲ့ အသက်အငယ်ဆုံးဂိုးသွင်းသူဖြစ်လာခဲ့ပါတယ်။

စပိန်တောင်ပံကစားသမားဟာ အသက် ၁၆ နှစ်နဲ့ ၈၇ ရက်မှာ ဂိုးသွင်းခဲ့တာဖြစ်ပြီး ၂၀၁၂ မှာ အသက် ၁၆ နှစ်နဲ့ ၉၈ ရက်မှာ သွင်းယူခဲ့တဲ့ မာလာဂါအသင်းရဲ့ ဖာဘရစ် အိုလင်ဂါရဲ့စံချိန်ကို လွှဲပြောင်းရယူနိုင်ခဲ့တာပါ။

ဘာစီလိုနာက နှစ်ဂိုးနဲ့ ရှုံးနေရာခဲ့ကနေ ဂျိုအာဖေလစ်ရဲ့ ဖန်တီးပေးမှုကတဆင့် ယာမာလ်က ပထမပိုင်း ပြီးခင်နီးမှာ ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲ ကန်သွင်းယူခဲ့ပါတယ်။ ဒါ့ကြောင့် သူဟာ အသင်းကို ပွဲထဲပြန်ဆွဲခေါ်ယူပေးခဲ့ပါတယ်။

ယာမာလ်ဟာ စာချုပ်လျော်ကြေး ယူရိုတစ်ဘီလီယံ (ဒေါ်လာ ၁.၀၆ ဘီလီယံ)ဖြင့် ဘာစီလိုနာနဲ့ ၂၀၂၆ အထိ အောက်တိုဘာလအစောပိုင်းက သက်တမ်းတိုးခဲ့သူပါ။

သူဟာ ပြီးခဲ့တဲ့ ရာသီ ဧပြီလက ရီးယဲလ်ဘက်တစ်နဲ့ ပွဲစဉ်မှာ အသက် ၁၅ နှစ်နဲ့ ရက် ၂၉၀ မှာ ဘာစီလိုနာရဲ့ အသက်အငယ်ဆုံး ပွဲထွက်ကစားသမား ဖြစ်လာခဲ့ပါတယ်။

ဒီရာသီမှာ ယာမာလ်ဟာ ၂၁ ရာစုမှာ လာလီဂါရဲ့ အသက်အငယ်ဆုံး ကစားသမားဖြစ်လာခဲ့ပြီး တစ်ချိန်တည်းမှာ အသက်အငယ်ဆုံး ဂိုးဖန်းတီးသူလည်း ဖြစ်လာခဲ့ပါတယ်။

လာရိုဂျာတို့ဟာ ၂၀၂၄ ယူရိုခြေစစ်ပွဲမှာ ဂျော်ဂျီယာကို ၇-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သလို သူဟာ စပိန်အသင်းရဲ့ အသက်အငယ်ဆုံး ကစားသမားနဲ့ ဂိုးသွင်းသူအဖြစ် ပြီးခဲ့တဲ့လကပင် ဖြစ်လာခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required