မဟာဗျုဟာထိုးစစ်ကာလသို့ ရောက်ရှိချိန်တွင် အရေးပါသည့် PRFနှင့် ဘဏ္ဍာရေးအစီအစဉ်များတွင် ပါ၀င်ကြရန် NUG တိုက်တွန်း

By မဇ္ဈိမ 
04 October 2023
မဟာဗျုဟာထိုးစစ်ကာလသို့ ရောက်ရှိချိန်တွင် အရေးပါသည့် PRFနှင့် ဘဏ္ဍာရေးအစီအစဉ်များတွင် ပါ၀င်ကြရန် NUG တိုက်တွန်း

မဟာဗျုဟာထိုးစစ်ကာလသို့ ရောက်ရှိချိန်တွင် အရေးပါသည့် PRFနှင့် ဘဏ္ဍာရေးအစီအစဉ်များတွင် ပါ၀င်ကြရန် NUG က တိုက်တွန်းလိုက်သည်။

ယခုအချိန်သည် ပြည်သူ့ခုခံတွန်းလှန်စစ်၏ နောက်တစ်ဆင့်ဖြစ် သည့် မဟာဗျူဟာထိုးစစ်ကာလသို့ ရောက်ရှိလာသည်နှင့်အညီ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ အရေးပါသည့် နောက်တန်း ထောက်ပို့တပ်ဖြစ်သည့် ပြည်သူ့တော်လှန်ရေး ‌ထောက်ပို့တပ် (PRF) အစီအစဉ်နှင့် အမျိုးသားညီညွတ်ရေး အစိုးရ၏ ဘဏ္ဍာငွေ ရှာဖွေရေး အစီအစဉ်များတွင် ဆက်လက်ထောက်ပံ့ပါဝင်ကြပါရန် တိုက်တွန်းအပ်ပါသည်ဟု NUG က ထုတ်ပြန်သည်။

NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ခုခံတွန်းလှန်စစ် (၂) နှစ်တာ ကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း / စစ်ကြောင်းများကို တပ်ရင်းထောက်ပံ့စရိတ် အဖြစ် (၁၆) ကြိမ်တိတိ ပေးပို့ခဲ့ပြီး ငွေကြေးပမာဏအားဖြင့် စုစုပေါင်း ခန့်မှန်းအမေရိကန်ဒေါ်လာ (၁၅.၇)သန်း ခန့်ဖြစ်သည်။

ယင်းငွေ‌ကြေးကို နိုင်ငံနှင့်တဝှမ်းဖွဲ့စည်းထားရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း / စစ်ကြောင်း (၃၀၀) ခန့်ကို ပေးပို့ခဲ့တာဖြစ်ပြီး ယခုနောက်ဆုံးပေးပို့သည့် (၁၆) ကြိမ်မြောက် တပ်ရင်း ထောက်ပံ့စရိတ်အနေဖြင့် စုစုပေါင်း ခန့်မှန်းအမေရိကန်ဒေါ်လာ တစ်သန်းခန့် ရှိသည်ဟု NUG က ဆိုသည်။

အဆိုပါ တပ်ရင်းထောက်ပံ့စရိတ်များ၏ (၈၆) ရာခိုင်နှုန်းဖြစ်သည့် ခန့်မှန်းအမေရိကန်ဒေါ်လာ (၁၃.၅) သန်းကို ပြည်သူ့တော်လှန်ရေး ‌ထောက်ပို့တပ် (PRF) PRF - People's Revolution Supply Familyအစီအစဉ်၏ ၂၁ လတာ (၂၀၂၁ ဒီဇင်ဘာမှ ၂၀၂၃ ခုနှစ် သြဂုတ်) ကောက်ခံ ရရှိသည့် ဘဏ္ဍာငွေများမှ ထထုတ်နှုတ်သုံးစွဲခဲ့ခြင်းဖြစ်သည်ဟု NUG ကာကွယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required