တနင်္သာရီတိုင်းတွင် စစ်ကောင်စီက အရပ်သား ၉၀ ဝန်းကျင် ဖမ်းဆီး

By ကိုရွှေမြိတ်(မဇ္ဈိမ)
24 September 2023
တနင်္သာရီတိုင်းတွင် စစ်ကောင်စီက အရပ်သား ၉၀ ဝန်းကျင် ဖမ်းဆီး
(ထိုင်း-မြန်မာ နယ်စပ် ပါချန်မြစ်ကို ဖြတ်ကူးကာ ရနောင်းခရိုင် ကာဘူရီမြို့နယ် ကီလိုသုံးဆယ်ကျေးရွာသို့ စစ်ရှောင်များပုံ) ပုံအညွှန်း- တနင်္သာရီတိုင်းအတွင်း မှ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာသည့် မြန်မာနိုင်ငံသားများ (ဓာတ်ပုံ- ပေးပို့)

တနင်္သာရီတိုင်းအတွင်း  မြိတ်၊ ထားဝယ်နှင့် ကော့သောင်းခရိုင်မှ အရပ်သား ဦးရေ ၉၀ ဝန်းကျင် သည်  ယခု စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်၏ ဖမ်းဆီးမှုကို ခံထားရကြောင်း သက်ဆိုင်ရာ ခရိုင်များရှိ သတင်းရင်းမြစ်များထံက သိရသည်။

မြိတ်ခရိုင်ထဲမှ  မြိတ်၊ ပုလော၊ ပလမြို့  မှ ၁၀ ဦးကျော်၊  ကော့သောင်းခရိုင်မှ  ခမောက်ကြီးမြို့နယ်မှ ၃၀ ဦး ကျော် ၊ ထားဝယ်ခရိုင်အတွင်းရှိ အရှေ့တောဒေသ၊ သရက်ချောင်း၊ လောင်းလုံးနှင့် ရေဖြူမြို့နယ်တို့မှ  အရပ်သား ဦးရေ ၄၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

(ထိုင်း-မြန်မာ နယ်စပ် ပါချန်မြစ်ကို ဖြတ်ကူးကာ ရနောင်းခရိုင် ကာဘူရီမြို့နယ် ကီလိုသုံးဆယ်ကျေးရွာသို့ စစ်ရှောင်များပုံ) ပုံအညွှန်း- တနင်္သာရီတိုင်းအတွင်း မှ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာသည့် မြန်မာနိုင်ငံသားများ (ဓာတ်ပုံ- ပေးပို့)

ထားဝယ်ခရိုင်မှ အဖမ်းခံခဲ့ရသည့် အရပ်သား ၄၀  ကျော်အနက် ပြန်လွှတ်လာသူများနှင့် အသတ်ခံလိုက်ရသူများရှိ၍  လက်ရှိ ဖမ်းခံထားရဆဲ အရေအတွက်ကို အတည်မပြုကြောင်း တနင်္သာရီ  စစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့ ပြောရေးဆိုခွင့် ရှိသူက ပြော သည်။

ထားဝယ်ခရိုင်တွင် စက်တင်ဘာလ ၂၂ ရက်က စတင်ပြီး ပရဟိတ အဖွဲ့ဝင် အမျိုးသား သုံးဦးအပါအဝင် အရပ်သားများအဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

(ထိုင်း-မြန်မာ နယ်စပ် ပါချန်မြစ်ကို ဖြတ်ကူးကာ ရနောင်းခရိုင် ကာဘူရီမြို့နယ် ကီလိုသုံးဆယ်ကျေးရွာသို့ စစ်ရှောင်များပုံ) ပုံအညွှန်း- တနင်္သာရီတိုင်းအတွင်း မှ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာသည့် မြန်မာနိုင်ငံသားများ (ဓာတ်ပုံ- ပေးပို့)

 လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန  NUG၏ သရက်ချောင်းမြို့နယ် တာဝန်ခံ လုံခြုံရေး အရ အမည်မဖော်လိုသော အမျိုးသမီး က“ဒီရက်ပိုင်း အတွင်း အရပ်သားတွေ ဖမ်းဆီးခံနေရတာကတော့ စစ်တပ်က စစ်ကြောင်းထိုးချိန်နဲ့ အတူ လူသားဒိုင်း အဖြစ် ဖမ်းဆီးခံရတာ ရှိသလို နှစ်ဖက် ပစ်ခတ်မှုတွေကြောင့် စစ်တပ်က ရပ်ရွာထဲ ဝင်ရောက် စစ်ဆေးချိန်တွေမှာ ဖမ်းဆီးခံရတာတွေ ရှိခဲ့တာ ဖြစ်တယ်”ဟု ပြောသည်။

ထို့ပြင်  ပုလောမြို့နယ် ၊ ပလမြို့ အမှတ် (၃) နှင့် အမှတ် (၄) ရပ်ကွက်တို့တွင် နေထိုင်သော ဒေသခံ ၁၀ ဦးဝန်းကျင်ကို  ၎င်းတို့၏ နေအိမ်များတွင်  စက်တင်ဘာလ ၂၂ ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးခဲ့သေးကြောင်း ဒေသခံများနှင့် မြိတ်ခရိုင် တပ်ရင်း (၁) ပြန်ကြားရေး တာဝန်ခံ ဆိုသူများထံက သိရ သည်။

(ထိုင်း-မြန်မာ နယ်စပ် ပါချန်မြစ်ကို ဖြတ်ကူးကာ ရနောင်းခရိုင် ကာဘူရီမြို့နယ် ကီလိုသုံးဆယ်ကျေးရွာသို့ စစ်ရှောင်များပုံ) ပုံအညွှန်း- တနင်္သာရီတိုင်းအတွင်း မှ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာသည့် မြန်မာနိုင်ငံသားများ (ဓာတ်ပုံ- ပေးပို့)

“ဖမ်းဆီးခံရတာ ဟုတ်ပါတယ်။  အခုချိန် အထိ အရပ်သားတွေကို ဘာကြောင့် ဖမ်းဆီးသွားလည်း ဆိုတာ သေချာ မသိရသေးပါဘူး။ အခု သူတို့ကို ပလ ရဲစခန်းမှာ ဖမ်းချုပ်ထားတယ် ဆိုပြီ နောက်ဆုံး သိရတယ်”လို့ မြိတ်ခရိုင် တပ်ရင်း (၁) ပြန်ကြားရေး တာဝန်ခံ ကိုအာနိုးက မဇ္ဈိမကို ပြောဆိုထား သည်။

ကော့သောင်းမြို့နယ်ထဲရှိ  မလိဝမ်းနဲ့ ခမောက်ကြီး ကျေးရွာတွေမှ အရပ်သား ၃၀ ဦးကျော် စစ်ကောင်စီတပ်၏ ဖမ်းဆီးခံခဲ့ရကြောင်း စစ်ရှောင်ပြည်သူများထံက သိရသည်။

“တိုက်ပွဲ ဖြစ်တော့ ချက်ချင်း ထွက်ပြေးတာပေါ့ ။ အဲ့လို ထွက်ပြေးတဲ့ အချိန်မှာ စစ်တပ်က ဒေသခံတွေ တားဆီး စစ်ဆေးတာ လုပ်တယ်။  အဓိကက ဖုန်းတွေကို လုပြီး စစ်ဆေးတာတွေ ပြုလုပ်တော့ အချို့က ကြောက်ပြီး ထွက်မပြေးရဲ့လို့ ပိတ်မိတာ ရှိတော့ ဖမ်းဆီခံလိုက်ရတာမျိုး ဖြစ်တယ်”လို့ ထိုင်းဘက်သို့ ထွက်ပြေး တိမ်းရှောင်လာသော စစ်ရှောင် အမျိုးသား တဦးက ဆို သည်။

မြေပြင်တွင် အရပ်သား ဖမ်းဆီးခံရမှုသည်  ဦးရေ ၁၀၀ ထက်ပိုများနိုင်ကြောင်း   သက်ဆိုင်ရာ မြို့နယ် ပကဖအဖွဲ့များက ပြောဆိုထားပြီး ဖမ်းဆီး သတ်ဖြတ်ခံရမှုများလည်း ရှိနေကြောင်း သိရ ဆို သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required