တနင်္သာရီမြို့နယ် သိန္ဓောကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

By ကိုရွှေမြိတ်(မဇ္ဈိမ)
13 June 2023
တနင်္သာရီမြို့နယ် သိန္ဓောကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် သိန္ဓောကျေးရွာရှိ စစ်ကောင်စီစခန်းမှ ခြေလျှင်စစ်ကြောင်းထိုးပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် တဦးသေဆုံးပြီး ခြောက်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့မှာ မြိတ်မြို့အခြေစိုက် ခရလ (၁၀၁) ကျွဲကူးတပ်ရင်းဖြစ်ပြီး ဇွန်လ ၁၂ ရက်နေ့ နံနက် ၉ နာရီတွင် သိန္ဒောစခန်းမှ တောလမ်းအတိုင်း ခြေလျှင်ပြန်လာစဉ် ပြည်သူ့ကာ ကွယ်ရေးမဟာမိတ်ပူးပေါင်တပ်ဖွဲ့များဖြစ်သော ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့(တနင်္သာရီ ပကဖ) SWDF နှင့် မြိတ်ခရိုင် တပ်ရင်း(၂)တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု PDF ရဲဘော်များထံမှ သိရ သည်။

“မိုင်းဆွဲ တိုက်ခိုက်တဲ့အချိန်မှာ တစ်ယောက်သေတယ်၊ ခြောက်ယောက်လောက်က ဒဏ်ရာပြင်းထန်တဲ့ အနေအထားရှိတယ်။ မိုင်းထိမှန် ဒဏ်ရာတဲ့သူတွေကို ညောင်ပင်းကွင်းအနီးက ခလရ(၅၆၁)တပ်ထဲကို အပြေးအလွှားသယ်သွားတယ်”ဟု တိုက်ပွဲတွင်ပါဝင်သည့် PDF ရဲဘော်တဦးက ပြောသည်။

လက်ရှိတွင် တနင်္သာရီမြို့နယ်အတွင်း တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်၍ ပြည်သူများအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များကို အတိအကျလိုက်နာပေးကြရန် အသိပေးချက် ထုတ်ပြန်ထားသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required