ကမ္မမြို့က ပြည်သူပိုင်ပစ္စည်းတွေ သယ်ယူဖို့ လုပ်ဆောင်သူတွေကို ကာကွယ်ရေးတပ်ဖွဲ့ ဒရုန်းနဲ့ တိုက်ခိုက်(ရုပ်သံ)

By MTO (မဇ္ဈိမ)
22 September 2023
ကမ္မမြို့က ပြည်သူပိုင်ပစ္စည်းတွေ သယ်ယူဖို့ လုပ်ဆောင်သူတွေကို ကာကွယ်ရေးတပ်ဖွဲ့ ဒရုန်းနဲ့ တိုက်ခိုက်(ရုပ်သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ကမ္မမြို့ပေါ်က ပြည်သူပိုင်ပစ္စည်းတွေကို ကားနဲ့ သယ်ဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးဆိုသူတွေကို စက်တင်ဘာလ ၂၁ ရက်နေ့က ကာကွယ်ရေးတပ်ဖွဲ့က ဒရုန်းနဲ့တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ညောင်ဂျစ်ပင်ကျေးရွာကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းကို ညောင်ဂျစ်ပင်နဲ့ ကန်တော်ရွာကြားမှာ ဒရုန်းနဲ့ တိုက်ခိုက်တာဖြစ်တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်လက်ယာက ပြောပါတယ်။

တည်းဖြတ် ၊ တင်ဆက် - MTO

#မကွေးတိုင်း
#ကမ္မမြို့
#စစ်ကောင်စီ
#ပျူစောထီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required